Lenovo ၏ screen အရွယ် ၂၇ လက်မရှိ Horizon table ကွန်ပျူတာ မိတ်ဆက်ပြသ

Consumer Electronics Show 2013 (CES 2013) ပြပွဲတွင် IdeaCentre Horizon အမည်ရှိ စားပွဲပုံသဏ္ဍန် touchscreen ကွန်ပျူတာကို Lenovo က မီဒီယာများကို စတင် မိတ်ဆက်ပြသခဲ့သည်။ စားပွဲပုံသဏ္ဍန် အဆိုပါ ကွန်ပျူတာမှာ screen အရွယ်အစား ၂၇ လက်မရှိပြီး desktop ကွန်ပျူတာနှင့် tablet အကြီးစားကဲ့သို့ စွမ်းဆောင်ရည်များ ပါဝင်ကြောင်း သိရှိရသည်။ Horizon table ကွန်ပျူတာတွင် Windows 8 အသုံးပြုထားပြီး အချက်အလက် သိမ်းဆည်းနိုင်မှုအဖြစ် 1 TB hard drive ပါရှိသည်။ မှ Planet Myanmar Network

SHARE THIS
Previous Post
Next Post