မြေပုံမြို့ရှိ၊ဘင်္ဂါလီဒုက္ခသည်များ ဆေးဝါးကုသရန်လာရောက်နေသော နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)အား မြေပုံဒေသခံများကန့်ကွက်

မြေပုံမြို့ရှိ ဘင်္ဂါလီကုလားဒုက္ခသည်များအား အပါက်စဉ် ကြာသပတေးနေ့တိုင်းဆေးဝါးကုသရန်လာ ရောက်လျှက်ရှိသော နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF) မှ ၄င်းတို့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေ ခြင်းလုပ်ငန်းများနှင့်စပ်လျှဉ်၍ ဒေသခံပြည်သူလူထုများအား ရှင်းလင်းပြောကြားခြင်းကိုအခမ်းအနားကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင်(၅-၁-၂၀၁၃)နေ့၊ နံနက်(၉း၃၀)တွင်ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ မြိုပေါ်မှ ကျောင်းထိုင်ဆရာတော်(၅)ပါး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် အကျိုးတော်ဆောင်အဖွဲ့(မြို့မိမြို့ဖ)၀င်များ၊ မြို့နယ်အမျိုးသမီးကွန်ယက် အဖွဲ့ဝင်များ၊ဒေသခံပြည် သူများ (၂၀၀)ခန့်တတ်ရောက်ကြကြောင်းသိရသည်။ အခမ်းအနားတွင် နယ်စည်မခြားဆရာဝန်များအဖွဲ့(MSF)မှ စစ်တွေဒေသတာဝန်ခံ၊ နယ်သာလန်အမျိုး သမီးတစ်ဦးနှင့်၊ အီတလီ အမျိုးသားတစ်ဦးတို့မှ ၄င်းတို့အဖွဲ့ ကျန်းမာရေးစောင့်ရှောက်ကုသပေးနေမှု အခြေ အနေများအားရှင်းလင်းပြောကြားကြသည်။ ထို့နောက် ဒေသခံ ရဟန်းသံဃာတော်များ၊ မြို့နယ်အကျိုဆောင် အဖွဲ့ဝင်များ၊ အမျိုးသမီးကွန်ယက် အဖွဲ့ဝင်များမှ ``MSF ၏ကျန်းမာရေးစောက်ရှောက်မှုပေးရန်လာ ရောက် နေခြင်းသည် နှစ်ဘက်လူ့အဖွဲ့အစည်းများအတွက် ကောင်းကျို ထက်ဆိုးကျိုးသာများလာနိုင်ကြောင်း၊ MSF အဖွဲ့၏ ရခိုင်နှင့်ဘင်္ဂါလီများအပေါ် ခွဲခွဲခြားခြား ပြုမူဆောင်ရွက်ခဲ့မှုများ ရှိနေခြင်းကြောင့် မိမိတို့ ဒေသခံတိုင်း ရင်းသား များအနေနှင့် ယုံကြည်မှု မရှိပါကြောင်း၊ ဤဒေသတည်ငြိမ်အေးချမ်းမှုရှိနေစေလိုလျှင် MSF လိုINGO များအနေနှင့် ၀င်ရောက် ပက်သတ် ဆက်နွယ်မှု မရှိခြင်းက ပို၍ အကောင်းဖက်သို့ဦးတည်စေနိုင်ကြောင်း။ အကယ်၍ ကူညီလိုပါကလည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်လက်တွဲ၍သာ ကူညီစေလိုကြောင်း၊ MSF အ အနေနှင့် တစ်သီးတစ်သန့် ၀င်ထွက်သွားလာကာ ဘင်္ဂါလီများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်လာ ရောက်နေမှုကို လုံးဝသဘောမတူနိုင်ပါကြောင်း´´စသည်ဖြင့် ကန့်ကွက်ဆွေးနွေခဲ့ကြသည်။ ဒေသခံများ အနေနှင့် ယင်းသို့ ကန့်ကွက်ရခြင်းမှာ လွန်ခဲ့သော(၂၇-၁၂-၂၀၁၂)နေ့၏ဆေးဝါးကုသ ရန်လာရောက်ခဲ့စဉ် MSF အဖွဲ့တွင် ဘင်္ဂါလီဟု ယူဆရသူနှစ်ဦးပါဝင်လာခဲ့သဖြင့် ဒေသခံအမျိုးသမီး(၅၀)ခန့် က ဟန့်တား ခဲ့၍ ပြဿနာ များပေါ်ပေါက်ခဲ့ရခြင်း ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။(ခိုင်မြတ်စံ-ပေးပို့သည်) ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်လာ ရောက်နေမှုကို လုံးဝသဘောမတူနိုင်ပါကြောင်း´´စသည်ဖြင့် ကန့်ကွက်ဆွေးနွေခဲ့ကြသည်။ ဒေသခံများ အနေနှင့် ယင်းသို့ ကန့်ကွက်ရခြင်းမှာ လွန်ခဲ့သော(၂၇-၁၂-၂၀၁၂)နေ့၏ဆေးဝါးကုသ ရန်လာရောက်ခဲ့စဉ် MSF အဖွဲ့တွင် ဘင်္ဂါလီဟု ယူဆရသူနှစ်ဦးပါဝင်လာခဲ့သဖြင့် ဒေသခံအမျိုးသမီး(၅၀)ခန့် က ဟန့်တား ခဲ့၍ ပြဿနာ များပေါ်ပေါက်ခဲ့ရခြင်း ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။(ခိုင်မြတ်စံ-ပေးပို့သည်)

SHARE THIS
Previous Post
Next Post