PC ကွန်ပျူတာဈေးကွက်ကို အာရုံစိုက်ခြင်းမှ Lenovo စွန့်ခွာဖွယ်ရှိ

တရုတ် ကွန်ပျူတာ ထုတ်လုပ်ရေး လုပ်ငန်းစုကြီး Lenovo အနေဖြင့် အနာဂတ်တွင် အိမ်သုံး PC ကွန်ပျူတာ ဈေးကွက်ကို အာရုံစိုက်ခြင်းမှ ဖယ်ခွာဖွယ် ရှိနေကြောင်း သိရသည်။ Lenovoသည် လက်ရှိတွင် ကမ္ဘာပေါ်၌ PCကွန်ပျူတာ အရောင်းဈေးကွက်ကို ထိပ်ဆုံးနေရာမှ ဦးဆောင် ရပ်တည်လျှက် ရှိနေသည်။ လောလောဆယ် အခြေအနေအရ Lenovoသည် PCများ အများပြားဆုံး ရောင်းချရသည့် အမှတ်တံဆိပ်အဖြစ် ရပ်တည်နေသော်လည်း ဈေးကွက်အတွင်း PCများ၏ ကဏ္ဍသည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်ကြောင်း Lenovo၏ အမှုဆောင် အရာရှိချုပ် ယန်ကွင်ယန်းက ဝန်ခံခဲ့သည်။ ကွန်ပျူတာ အသုံးပြုသူများသည် PCထက် Laptopနှင့် Tabletများကို ပိုမိုရွေးချယ် ဝယ်ယူလာချိန်တွင် မိမိတို့သည် PCခေတ်လွန် ဈေးကွက်ကို မျှော်ကြည့်ရမည်ဟု ယန်းက ပြောကြားခဲ့သည်။ မှ Planet Myanmar Network

SHARE THIS
Previous Post
Next Post