Wednesday, February 13, 2013
ယနေ့ တွင်ကျရောက်သော (၉၈) နှစ်မြောက် ဗိုလ်ချုပ်
အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ကဗျာဆရာများ၊
စာရေးဆရာများ စုပေါင်းကာ ကဗျာရွတ်ဆိုပွဲတစ်ခုကို ရန်ကုန်မြို့ အောင်ဆန်းမြို့ သစ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ကဗျာရွတ်ပွဲသို့ စာရေးဆရာကြီးများဖြစ်ကြသော မောင်လင်းယုန်
(ရှမ်းပြည်)၊ ဆရာထက်မြက်၊ ဆရာသစ္စာနီနှင့် လူငယ်ကဗျာဆရာများ လည်းတက်ရောက် ခဲ့ကြောင်း သိရှိရသည်။
ယင်းကဗျာရွတ်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုသော
အားဖြင့် တစ်မိနစ် ငြိမ်သက်ကာ ဂါဝရပြုခဲ့ကြသည်။ ထို့နောက် အာရှသူရဲကောင်း ဗိုလ်အောင်ဆန်းသီချင်းဖြင့် ပွဲကို ဖွင့်လှစ်ပြီးနာက် ဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)က သူတွေ့ကြုံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းအ ကြောင်းကို ပြန်လည်၍ပြောရာတွင်
ပင်လုံညီလာခံ မဖြစ်ခင်မှာ ဒီရှမ်းပြည်မှာရှိတဲ့ လူဖြူတွေရဲ့ ရှမ်းပြည်
ရေးရာ ၀န်ကြီးဌာနက နေပြီးတော့ လျှို့ဝှက်စာတစ်စောင်ကို
ရရှိခဲ့ကြောင်း၊ ထိုစာတွင် နယ်ချဲ့အစိုးရက ရှမ်းပြည် စော်ဘွားများနှင့် ပူးပေါင်း၍ မြန်မာပြည်ကြီးတွင် ရခိုင်ပြည်နှင့် ကယားက တစ်စိတ်
တစ်ဒေသ၊ ကချင်နှင့်ကယားပြည်နယ်များကို တောင်တန်း
ဒေသဟုသတ်မှတ်၍ ခွဲခြားအုပ်ချုပ်ရန် ဖြစ်သည်။ ထိုအချိန်တွင်
ရှမ်းပြည်သူလူထုနှင့် စော်ဘွားများက ပူးပေါင်း၍ပထမ ပင်လုံ
ညီလာခံကို ဖော်ထုတ်ခဲ့ကြောင်း၊ ထိုအချိန်တွင် ဗိုလ်ချုပ်က ရခိုင်၊
ကချင် စသောနေရာများသို့ ရောက်နေသောကြောင့် ဗိုလ်ချုပ် မတက်ရောက် နိုင်ခဲ့ကြောင်း၊ သို့သော် ဗိုလ်ချုပ် တောင်ကြီးမြို့သို့
ရောက်ချိန်တွင် မြို့ လုံးကျွတ် ဗိုလ်ချုပ်ကို ကြိုဆိုခဲ့ကြောင်း၊
ထိုအချိန်တွင် ဗိုလ်ချုပ်က ပရိတ်သတ်ကြီးကို မြန်မာပြည်
တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရမည်ဟု ကတိပေးရင်း
ပရိတ်သတ် ကြီး၏ ထောက်ခံမှုကို ရယူနိုင်ခဲ့ကြောင်း
ပြန်လည်ပြောကြားခဲ့သည်။
ဆရာထက်မြက်က “ 2015 ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း
နှစ်တစ်ရာပြည့်ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကို ကျင်းပခွင့်
ရတာဟာ ဒီနှစ်မှပိုပြီးလွတ်လွတ် လပ်လပ် လုပ်ခွင့်ရတယ်လို့ 
ထင်ပါတယ်။ အရင်တုန်းကဆိုရင်ဗိုလ်ချုပ်အောင်ဆန်းဆိုရင်
ငွေစက္ကူတွေမှာ ပါတဲ့ပုံကအစ အတတ်နိုင်ဆုံးဖယ်ရှားပစ်ဖို့ 
ကြိုးစားကြပါတယ်။ အရင်ဗိုလ်နေ၀င်းကာလတုန်းက ဒီလောက်မဆိုးပေမဲ့ နောက် တက်လာတဲ့ အာဏာသိမ်း စစ်အစိုးရလက်ထက်မှာ ပိုဆိုးပါတယ်။” ဟု ပြောကြားသည်။
ဆက်လက်ပြီး ဆရာသစ္စာနီကလည်း ဗိုလ်ချုပ်အောင်ဆန်း
အမှတ်တရ စကားပြောကြားပြီးနောက် လူငယ် ကဗျာဆရာများ
က ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော ကဗျာများ
ရွတ်ဆိုကြကြောင်း သိရသည်။
မြင့်ကျော်
The Myanma Age

ထင်ပါတယ်။ အရင်တုန်းကဆိုရင်ဗိုလ်ချုပ်အောင