နိုင်ငံတကာမှ ခရီးသွားများ အတွက် ရိုးရာ ထမနဲပွဲ ကျင်းပ နိုင်ငံခြားသား ဧည့်သည်များ ကိုယ်တိုင် ပါဝင်ဆင်နွှဲ


ရန်ကုန် ဖေဖော်ဝါရီ ၂၈
ခရီးသွား ရာသီ အချိန်အတွင်း မြန်မာနိုင်ငံ အတွင်းသို့ လာရောက်ကြသည့် နိုင်ငံတကာမှ ခရီးသွား များသည် ရန်ကုန်မြို့ရှိ ဟိုတယ်များ၌ အခန်းပြည့် လာရောက် တည်းခို လျက် ရှိကြောင်း ဟိုတယ် လုပ်ငန်းရှင်များ ထံမှ သိရသည်။

ထိုဧည့်သည်များ အတွက် ဟိုတယ် အသီးသီးမှ ဧည့်ဝတ် ကျေပြွန်စွာ ဝန်ဆောင်မှု ပေးလျက် ရှိသည့်အပြင် မြန်မာတို့၏ တပို့တွဲလ ထမနဲ ထိုးပွဲနှင့် ဧည့်ခံ ကျွေးမွေးခြင်း ကို ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ဖိုးစိန်လမ်းရှိ ဟိုတယ် ဖိုးစိန်၌ ကျင်းပရာ နိုင်ငံခြားသား ဧည့်သည် နှစ်ဦးမှာ မြန်မာ့ရိုးရာ အစားအစာ ထမနဲ ထိုးပုံ ကို လေ့လာ စူးစမ်းသည့် အနေဖြင့် ကိုယ်တိုင်ပါဝင် ဆင်နွှဲနေသည်။

အဆိုပါ ထမနဲ ထိုးပွဲ အပြီးတွင် ဟိုတယ်အတွင်း တည်းခို နေထိုင်လျက် ရှိသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို မြန်မာ့ရိုးရာ ထမနဲဖြင့် ဧည့်ခံ ကျွေးမွေးရာ ပျော် ရွှင် နှစ်ခြိုက်စွာ သုံးဆောင်ကြကြောင်း သိရသည်။

အဆိုပါ ဟိုတယ်၌ ပြုလုပ်ခဲ့သော ထမနဲ ပွဲသည် မြန်မာ့ရိုးရာ အစား အစာကို နိုင်ငံ တကာမှ ခရီးသွားများ လက်တွေ့ စားသုံးနိုင်ရုံ မက မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာ တစ်ခု ကိုပါ ကိုယ်တိုင်ပါဝင် ဆင်နွှဲရသော အကျိုး ကျေးဇူးကို ရရှိခဲ့ကြောင်း သိရသည်။

http://bit.ly/YC4drf
နိုင်ငံတကာမှ ခရီးသွားများ အတွက် ရိုးရာ ထမနဲပွဲ ကျင်းပ နိုင်ငံခြားသား ဧည့်သည်များ ကိုယ်တိုင် ပါဝင်ဆင်နွှဲ

ရန်ကုန် ဖေဖော်ဝါရီ ၂၇

ခရီးသွား ရာသီ အချိန်အတွင်း မြန်မာနိုင်ငံ အတွင်းသို့ လာရောက်ကြသည့် နိုင်ငံတကာမှ   ခရီးသွား များသည် ရန်ကုန်မြို့ရှိ ဟိုတယ်များ၌ အခန်းပြည့် လာရောက် တည်းခို လျက် ရှိကြောင်း ဟိုတယ် လုပ်ငန်းရှင်များ ထံမှ သိရသည်။

ထိုဧည့်သည်များ အတွက် ဟိုတယ် အသီးသီးမှ ဧည့်ဝတ် ကျေပြွန်စွာ ဝန်ဆောင်မှု ပေးလျက် ရှိသည့်အပြင် မြန်မာတို့၏ တပို့တွဲလ ထမနဲ ထိုးပွဲနှင့် ဧည့်ခံ ကျွေးမွေးခြင်း ကို ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ဖိုးစိန်လမ်းရှိ ဟိုတယ် ဖိုးစိန်၌ ကျင်းပရာ နိုင်ငံခြားသား ဧည့်သည် နှစ်ဦးမှာ မြန်မာ့ရိုးရာ အစားအစာ ထမနဲ ထိုးပုံ ကို လေ့လာ စူးစမ်းသည့် အနေဖြင့် ကိုယ်တိုင်ပါဝင် ဆင်နွှဲနေသည်။

အဆိုပါ ထမနဲ ထိုးပွဲ အပြီးတွင် ဟိုတယ်အတွင်း တည်းခို နေထိုင်လျက် ရှိသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို မြန်မာ့ရိုးရာ ထမနဲဖြင့် ဧည့်ခံ ကျွေးမွေးရာ ပျော် ရွှင် နှစ်ခြိုက်စွာ သုံးဆောင်ကြကြောင်း သိရသည်။

အဆိုပါ ဟိုတယ်၌ ပြုလုပ်ခဲ့သော ထမနဲ ပွဲသည် မြန်မာ့ရိုးရာ အစား အစာကို နိုင်ငံ တကာမှ ခရီးသွားများ လက်တွေ့ စားသုံးနိုင်ရုံ မက မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာ တစ်ခု ကိုပါ ကိုယ်တိုင်ပါဝင် ဆင်နွှဲရသော အကျိုး ကျေးဇူးကို ရရှိခဲ့ကြောင်း သိရသည်။

http://bit.ly/YC4drf

SHARE THIS
Previous Post
Next Post