ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ က မကြာမီက ကယ်တင် ခဲ့သော မြန်မာသင်္ဘောသားကိုးဦး၏ အမည်များကိုဖေါ်ထုတ်


Monday, 18 February 2013

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့  (PCG)က နိုင်ငံ၏ ပန်ဂါ
ဆီနန်ပြည်နယ် ဘိုလီနာအိုအငူ၌ မကြာမီကကယ်တင်
ထားခဲ့သော မြန်မာ သင်္ဘော သား ကိုးဦး၏ အမည်များ
ကို ဖေါ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

PCG ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖိလစ်ပိုင်ဒေသ
ဆိုင်ရာ ရဲတပ်ဖွဲ့ ကပြောကြားရာတွင် နှစ်မြုပ်ခဲ့သည့်
မြန်မာတွင် မှတ် ပုံတင်ထားသော သင်္ဘော M/VArita
Bauxite မှ သင်္ဘေသားကိုးဦးကို ကယ်တင်ခဲ့ပြီး တစ်ဦး
သေဆုံးကာ ၁၄ ဦးပျောက်ဆုံးနေကြောင်း ဆိုသည်။

သတင်းက ကယ်တင်ထားသော မြန်မာသင်္ဘောသား
ကိုးဦးမှာ ကြည်ဝင်း ၃၈ နှစ်၊အောင်ကျော်ခိုင် ၃၈နှစ်၊
ခင်မောင်ဝင်း ၃၄ နှစ်၊ အောင်ဆန်း ဝင်း ၃၈ နှစ်၊
အောင်သူငြိမ်း ၂၉ နှစ်၊ ဝင်းဇန် ၄၀ နှင့် ဝင်းနိုင်သိန်း ၃၀
တို့ဖြစ်ကြောင်း ဆိုသည်။ ယင်းမှနှစ်ဦးဖြစ်သည့် ဦးချိုအေး
၅၂ နှစ်နှင့် သန့် ဇင်မိုး ၂၉ နှစ်တို့ကို အရေးပေါ်ကုသမှု
ခံယူရန် ဆေးရုံသို့ တင်ပေးထားကြောင်း သိရသည်။

သင်္ဘောမှ သေဆုံးသူမှာ စားဖိုမှူးအကြီးအကဲဖြစ်သူ
ဦးမြင့်အောင် ၅၄နှစ်ဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ပန်ဂါဆီနန်ရှိဆူယယ်လ်သုဿန်တွင် သင်္ဂြိုလ်မည်
ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ဘောသည် ဘော်လီနာအိုရေပြင်တွင် မနစ်
မြုပ်ခင်က အင်ဂျင်စက် ချို့ယွင်းခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ က ပြောကြားသည်။

Mb.com.ph
The Myanma Age


SHARE THIS
Previous Post
Next Post