တရားပွဲမှာ အလကားရခဲ့တဲ့ ထီလက်မှတ် (၁၀)သိန်းပေါက်၊ ထီတိုက်ပေးသူက (၁)သိန်းဟုတ်တယ်ပြောပြီး (၉)သောင်းခွဲပေး၊ ရဲနဲ့အုပ်ချုပ်ရေးက ခေါ်စစ်တော့မှ ပြန်ပေး

Tuesday, February 19, 2013

နေပြည်တော်-ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ (၄)လမ်းတွင် တည်ဆောက်
ထားသော မစိုးရိမ် ကျောင်းတိုက်ဝန်းအတွင်းတွင် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၂၉/၃၀/၃၁ ညများ၌ တရားပွဲ များကို (၃)ညတိုင်တိုင် ကျင်းပခဲ့ရာ ပျဉ်းမနားမြို့၊ တိုင်းချစ်လျှပ်စစ်စတိုးနှင့် မိုးယံရွှေလမင်း ထီကိုယ်စားလှယ် ဦးဖိုးနီက တရားလာရောက်နာယူကြသောသူများကို ထီ(၁၀)ဆောင်တွဲ (၁၅)တွဲအား တစ်ညလျှင် (၅)တွဲနှုန်း ကံစမ်းမဲဖောက်လှူဒါန်းခဲ့ရာ ဒုတိယညတွင် လှူဒါန်းခဲ့သော ထီလက်မှတ် (ဗ-၇၃၅၈၃၀ မှ ၇၃၅၈၃၉ ထိ) (၁၀)ဆောင်တွဲမှ ထီဆုငွေ ကျပ်(၁၀)သိန်းကို ဦးမင်းဒင်ရပ်ကွက်နေသူ
ဒေါ်လှကြည်မှ ကံအားလျော်စွာ ဆွတ်ခူးရရှိခဲ့ကြောင်း ထီဖွင့်ပြီး နောက်နေ့
တွင် မိုးယံရွှေလလမင်းထီဆိုင်တွင် ကြော်ငြာသင်ပုန်းတွင် ကြေညာ
ထားသော်လည်း ကံထူးရှင်မှာ ထီပေါက်နေသည်ကို မသိ၍ အိမ်နီးနားချင်းဖြစ်သူ ဦး——အား ထီတိုက်ခိုင်းရာ ဦး——-မှ ထီ(၁)သိန်းဆုပေါက်နေကြောင်း၊ ငွေကျပ် (၉၅၀၀၀ိ/-) ပေးမည်ဟုဆို၍
ငွေ(၁)သိန်း ချက်ချင်းပေးပြီး ထီလက်မှတ်ကို ယူသွားကြောင်း၊ ထိုသတင်းအား မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စကားစပ်မိခဲ့ရာမှ အုပ်ချုပ်ရေးမှူးနှင့် နယ်မြေတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ သိရှိသွားကာ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထီလက်မှတ်
ယူဆောင်သွားသူကို စစ်ဆေးခဲ့ရာ အဖြစ်မှန်ကို ၀န်ခံခဲ့ပြီး ထီလက်မှတ်ကို
ရောင်းစားပြီးဖြစ်ကြောင်းသိရှိရ၍ ထီပေါက်ခဲ့သူ ဒေါ်လှကြည်အား ငွေကျပ် (၈၅၀၀၀၀ိ/-) (ရှစ်သိန်းငါးသောင်းတိတိ)ပြန်လည်ပေးအပ်စေခဲ့ရာ ကံထူးရှင် ဒေါ်လှကြည်မှ ငွေ(၈)သိန်းသာ ပြန်ယူပြီး (၅၀၀၀၀ိ/-)ကို ထီတိုက်ပေးခဲ့သူ ဦး—–အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကံထူးရှင် ဒေါ်လှကြည်မှာ အိမ်ငှားနေရပြီး အ၀တ်လျှော်လုပ်ငန်းဖြင့် ဘ၀ရပ်တည်နေရသူဖြစ်ကြောင်း ဆင်းရဲနွမ်းပါးသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

မြင့်အောင် (နေပြည်တော်)

မှ The Hot News

အေးချမ်းမွန်(အဲဆာန်မန်) မှ The Hot News တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post