ကိုယ်ထူကိုယ်ထစနစ်ကြောင့် လယ်ယာမြေရေကြီးခြင်း ပြဿနာများ ပြေလည်တော့မည်

ပဲခူးတိုင်းဒေသကြီး ညောင် လေးပင်မြို့နယ် ကွင်းအမတ် ၂၀၃(ခ)တော်ပသီနှင့်မုက္ခမူ ကရင် ရွာကြားရှိ နှစ်ပေါင်း(၇၀)ကျော် ကြား ချောင်းကော၊မြောင်းကော များအား ငါးလုပ်ငန်းရှင်များအဖွဲ့ မှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန် လည်တူးဖော်ရာတွင် သက်ဆိုင် ရာတာဝန်ရှိသူများက ကြည့်ရှုခဲ့ ကြကြောင်းသိရှိရပါသည်။
အလျားမိုင်(၁၃)မိုင်အရှည် ရှိ တိမ်ကောနေသော ဘောရိုး မြောင်း အင်းချောင်းမြောင်းများ သည် နှစ်ကြာလာသည့်အတွက် သဘာဝဘေးဒဏ်ကြောင့် နှုံးမြေ များတင်ကာမြောင်းပိတ်ဆို့ခြင်း လယ်ကွက်များရေကြီးခြင်းများနှင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရပါသည်။ အဆိုပါမြောင်းအား ငါးလုပ်ငန်း ရှင်များအဖွဲ့မှဦးစီးကာ (၁၂.၂. ၂၀၁၃)ရက်မှ စတင်ကာတူးဖော် ဖောက်လုပ်ခဲ့ကြောင်းသိရှိရပါ သည်။ အဆိုပါမြောင်းဖောက်လုပ် ရခြင်းကိစ္စအား မြန်မာနိုင်ငံ ငါး လုပ်ငန်းရှင်အဖွဲ့မှအတွင်းရေးမှူး ဦးမျိုးမင်းထက်အားမေးမြန်းရာ တွင် ““ဒီလုပ်ငန်းကိုလုပ်တယ်ဆို တာ ကျွန်တော်တို့တော်တော်စဉ်း စားရပါတယ်။ ကျွန်တော်တို့အဖွဲ့ ရဲ့ဥက္ကဋ္ဌဦးကျော်ထူးနဲ့ကျွန်တော် တိုင်ပင်ကြည့်တယ်အစ်ကို ကျွန်တော် တို့ ဒီလိုပ်ငန်းကိုလုပ်မယ် တတ် နိုင်ပါမလား စုစုပေါင်း သိန်း(၆၀၀) လောက်တော့ကုန်ုမယ်ဆိုတော့ ညီလေးလုပ်ချင်တယ်ဆိုရင် လုပ် ပေါ့ကွာ အဲဒါနဲ့တစ်ယောက်ကို သိန်းတစ်ရာကစပြီးလိုက်တာပါ။ အဓိကက ဒီမှာငါးလုပ်ငန်းရှင်တွေ အတွက် ငါးကအဓိကမရပေမဲ့ ဘာပြဿနာဖြစ်နေတုန်းဆိုရင် လယ်တွေ ခဏခဏရေနစ်မြုပ်နေ လို့ ဒီဝန်းကျင်က လယ်သမားတွေ ဟာ ဒုက္ခရောက်တယ်ဆိုတာသိရ တယ်။ အဲဒါက ရေစီးမြောင်းနဲ့ရေ မျက်နှာပြင်ဟာအညီဖြစ်နေတယ်။ ရေစီးပြီဆိုရင် မြောင်းထဲရေမရှိဘဲ လယ်ကွက်များထဲကိုရေသင်သွား ရော မကြာခဏပြဿနာတွေဖြစ် ကြတယ်။ ဒီလိုလုပ်ပေးရင်တော့ လယ်သမားတွေလည်း ရေကြီး နစ်မြုပ်ကာ သက်သာသွားမယ်ဆို ပြီး လုပ်လိုက်တ်ာပါ””ဟုဆိုပါသည်။ ဆက်လက်၍ ““ဒီမြင်ကွင်းကိုမြင် လိုက်ရတော့ အရမ်းကိုအံ့သြသွား တယ်ဗျာ။ ဒါဟာတကယ်အစစ် အမှန်နှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့လုပ် ရပ်ဘဲWin Win Game ပေါ့။ တစ်ဖက်က ငါးလုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးရှိမယ်။တစ် ဖက်က လယ်သမားများအတွက် လည်း လယ်ယာတွေရေကြီးနစ် မြုပ်ခြင်းက ကာကွယ်သလိုဖြစ်သွား တယ်။နောက်တစ်ခုက နှစ်စဉ် ပြ ဿနာတက်နေတဲ့လယ်ယာတွေ ရေကြီးတယ်ဆိုတာဟာ ဒီချောင်း တွေ၊မြောင်းတွေ သဲနှုံးဖို့ပြီးချောင်း တွေမြောင်းတွေ—–လာတော့ ချောင်းမြောင်းမရှိရင် ရေမစီးနိုင် တဲ့အတွက် လယ်ထဲကိုရေလွှမ်း တယ်။ အခုတော့ ရေမ၀င်နိုင်တော့ ဘူးပေါ့။ အခုလို ခင်ဗျားတို့ ငါး လုပ်ငန်းရှင်အဖွဲ့က အကုန်ကျ ခံလိုက်တဲ့အတွက်ကြိုဆိုပါတယ်”” ဟု စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန် ကြီးဌာနတိုင်းဒေသကြီးအစိုးရ အဖွဲ့မှဦးတင်စိုးမှဆိုပါသည်။
အဆိုပါ တူးမြောင်းဖောက် လုပ်ခြင်းလုပ်ငန်းသို့ ပဲခူးတိုင်း ဒေသကြီး မဲဆန်္ဒနယ်(၁)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးစိုးပိုင် ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်ဖေစိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်သက်သက်ညွှန့်၊မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစီးမှူး ဦးသီဟံစိုး၊ ငါးလုပ်ငန်းဦးစီးဌာနလက်ထောက် ဦးစီးမှူး ဦးအောင်ထွဋ်နှင့်မြန်မာ နိုင်ငံငါးလုပ်ငန်းရှင်အဖွဲ့မှကိုယ် စားလှယ်များက ကိုယ်ထူကိုယ်ထ တူးမြောင်းဖောက်လုပ်ခြင်းလုပ် ငန်းအား ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

The HOT NEWS


SHARE THIS
Previous Post
Next Post