ရန်ကုန်
ဖေဖော်ဝါရီ (၁၇)
ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် မာပြေ ၁၈လမ်းနှင့် ၁၉ လမ်းကြား၊ အမှတ် (၁၁၂၈)
အမှတ်(၃) အစ္စလာမ် ဘာသာရေး စာသင်ကြောင်း အမိုးပြုပြင်ခြင်းနှင့် ပတ်သက်ပြီး
တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်း သာသနာရေး ဦးစီးဌာနတို့၏
ခွင့်ပြုချက်ဖြင့် အမိုးပြုပြင်နေစဉ် ရပ်ကွက်အတွင်းမှ လူတစ်ချို့
ရောက်ရှိလာပြီး ကျောင်းဆိုင်းဘုတ်နှင့် ခြံစည်းရိုးတို့ကို ရိုက်ချိုး
ဖျက်ဆီးခဲ့ပါသည်။ ထို့နောက် သတင်းထောက် တစ်ဦးနှင့် အစ္စလာမ်
သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းနှင့်
ဦးဇော်မင်းလတ်တို့အား လူ (၅) ဦးခန့်က ၀ိုင်းဝန်းထိုးကြိတ်၍
လက်ကိုင်ဖုန်းကို အကြမ်းဖက် လုယူခဲ့ကြသောကြောင့် ဒဏ်ရာအနည်းငယ်
ရရှိခဲ့ပါသည်။
The Voice Weekly သတင်းဂျာနယ်ရဲ့ Facebook
စာမျက်နှာမှာ ရေးထားသလို ဗလီဆောက်လုပ်နေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ The
Voice က သက်သက်ဖွတာပါ။ ဒါ ကလေးတွေကို အခြေခံ သင်ကြားပေးနေတဲ့ ဘာသာရေး
စာသင်ကြောင်းပါ။ နောက်ပြီး အမိုးပြုပြင်တယ်ဆိုတာကလည်း ခွင့်ပြုမိန့်အရ လုပ်တာပါ။ ဥပဒေပြင်ပ လုပ်တာ တစ်ခုမှ မရှိပါဘူး။ ဟု သာကေတမြို့နယ်နေ သူတစ်ဦးက ပြောကြားခဲ့ပါတယ်။
အာဏာပိုင်များမှလည်း ခွင့်ပြုမိန့်ပေးထားသော အမိန့်ကို ပယ်ဖျက်၍ ကျောင်းအမိုးကို ပြန်လည်ဖျက်ပေးရန် ညွှန်ကြား၍ လာပါသည်။
SHARE THIS