ကမ္ဘာ့ဘဏ်အကူအညီ လက်ခံရမယ့် မြို့နယ်တွေ ရွေးချယ်

Thursday, February 28, 2013

တနင်္သာရီတိုင်းဒေသကြီးမှာ ကမ္ဘာ့ဘဏ်ရဲ့ လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ အကောင်အထည်ဖေါ်ဖို့အတွက် အကူအညီလက်ခံရယူမယ့် မြို့နယ်ရွေးချယ်ပွဲတစ်ခုကို ဖေဖေါ်ဝါရီလ
၂၇ ရက် နေ့က ထားဝယ်မြို့၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

တနသာင်္ရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် တာဝန်ရှိသူတွေက အထက်ကနေ ရွေးချယ်ချမှတ်တာမျိုးမဟုတ်ပဲ
အောက်ခြေမှာ အစိုးရအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေရှေ့မှာ အခုလိုမြို့နယ်ရွေးချယ်တာဟာ ပွင့်လင်းမြင်သာမှုရှိရှိလုပ်ဆောင်တာ
ဖြစ်တယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဒုတိယ
ညွှန်ကြားရေးမှူး ဦးလှခိုင်က RFA ကို ပြောပါတယ်။

ဒီကနေ့မြို့နယ်ရွေးချယ်ပွဲကို တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ နယ်စပ်ရေးရာဝန်ကြီး ဦးဇော်လွင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဘီ အပါအဝင် မြို့နယ် (၁၀) မြို့နယ်က လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးလှုပ်ရှားသူအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်တာတွေ့ရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ “လူထုအခြေပြုဖွံ့ဖြိုးတိုးတတ်ရေး စီမံကိန်း”
ဆောင်ရွက်ဖို့အတွက် ပထမအဆင့်အနေနဲ့ မြို့နယ် ၃ခုကို အကြံပြုရွေးချယ်ပြီး ရွေးချယ်ခံရတဲ့ မြို့နယ်တွေမှာရှိတဲ့
ကျေးရွာအုပ်စုတွေမှာ တစ်အုပ်စုကို တစ်နှစ် အမေရိကန် ဒေါ်လာ (၂၇၀၀၀) ထောက်ပံ့သွားမှာဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ
ဆောင်ရွက်နိုင်ဖို့ ၃ နှစ် ဆက်တိုက်ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

RFA Burmese

SHARE THIS
Previous Post
Next Post