ရေအားလျှပ်စစ်စီမံကိန်း လူထုဆန္ဒ အလေးထားမည်ဟု ကယားပြည်နယ်အစိုးရ ဆို

Thursday, February 21, 2013

ကယား (ကရင်နီ) ပြည်နယ် သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် အကြီးစား ရေအားလျှပ်စစ်စီမံကိန်းဖြစ်တဲ့ ရွာသစ်စီမံကိန်းကိစ္စက
ပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားကို ဦ...းစွာရယူမယ်လို့ ပြည်နယ်
လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ပြောပါတယ်။

ကယားပြည်နယ်အစိုးရက ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူရဲ့ဆန္ဒ
သဘောထားကို အလေးထားမယ့်အကြောင်းနဲ့ တိုင်းတာမှု လုပ်ငန်းတွေကိုတော့ ကုမ္ပဏီဘက်က အရင်တင်ပြထားတဲ့အတွက် ခွင့်ပြုပေးထားတယ်လို့ သူက ပြောပါတယ်။

ဒီစီမံကိန်းကနေ လျှပ်စစ်ဓာတ်အား ၆၀၀ မဂ္ဂါဝပ် ထုတ်မှာဖြစ်ပြီး အခုအနေအထားမှာတော့ လေ့လာတွက်ချက် တိုင်းတာပြီးမှသာလျှင်
ပြည်သူလူထုကို ချပြရှင်းလင်းနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ရက် (ကေစီအက်စ်အန်) မှ ခူးတော်ရယ်
ကတော့ ဒီစီမံကိန်းကနေ လျှပ်စစ်ဓတ်အား မဂ္ဂါဝပ် ၄၀၀၀ ခန့် ထုတ်မှာ
ဖြစ်တယ်လို့ တရုတ်ကုမ္ပဏီရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားချက်ကို ကိုးကားပြောဆိုပါတယ်။

ဒီလောက်ကြီးမားတဲ့စီမံကိန်းဟာ စိုက်ပျိုးမြေတွေ ရေလွှမ်းမယ့် အနေအထားမျိုး ရှိနိုင်တယ်လို့လည်း သူက ခန့်မှန်းပြောဆိုသလို တာဝန်ရှိသူတွေဘက်က ပွင့်ပွင့်လင်းလင်း လူထုကို အသိပေးဖို့
လိုတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့လပိုင်းတွေတုန်းက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အစိုးရ ပြည်ထောင်စုအဆင့် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွးပွဲ သဘောတူညီချက်တွေမှာလည်း ဒီရွာသစ် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူလူထုနဲ့ လူမှုအသင်းအဖွဲ့တွေကို အစိုးရကနေပြီး ပွင့်လင်းမြင်သာမှုရှိဖို့အတွက် သဘောတူထားပြီးဖြစ်ပါတယ်။

ဘော်လခဲမြို့နယ်အတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းတွေကိုလုပ်ဖို့ အစိုးရနဲ့ တရုတ်အစိုးရပိုင် Datang ကော်ပိုရေးရှင်းတို့ဟာ ၂၀၁၀ နှစ်ဆန်းပိုင်း ကတည်းက လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။


DVB TV News


SHARE THIS
Previous Post
Next Post