မန္တလေးမြို့တွင် မြန်မာစကားမတက်ဘဲ တရားမ၀င်နေထိုင်နေသော တိုင်းတပါးမှလူမျိုးခြားများအားဥပဒေနှင့်အညီ အရေးယူသွားမည်



Wednesday, February 20, 2013

မန္တလေးမြို့တွင် မြန်မာစကားမတက်ဘဲတရားမ၀င် အခြေချနေထိုင်နေသော တိုင်းတပါးလူမျိုးခြားများ အား ဥပဒေနှင့်အညီ စစ်ဆေးအရေးယူသွားမည်
ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနမှ ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း က ပြောကြားသည်။

ယခုတစ်ကြိမ်ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်
ဆဌမ ပုံမှန်အစည်းအဝေး ၁၁ရက် မြောက်နေ့အစီအစဉ်တွင် အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မန္တလေးမြို့တွင် မြန်မာစကား
မတက်သည့် လူမျိုးများ တရားမ၀င်နေထိုင်မှု မဖြစ်စေရန် ၀န်ကြီးဌာနမှ စနစ်တကျ မည်သို့စစ်ဆေးရမည် ကို ဆွေးနွေးသွားသည့်အပေါ် ယခု
ကဲ့သို့ ပြန်လည်ဖြေရှင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ အစိုးသစ်လက်ထက်မှာ ၀န်ကြီဌာနအနေနဲ့ ဒီကိစ္စကို အပြေးအလွှား
ဆောင်ရွက်လျှက်ရှိပါတယ်။ မိမိတို့ ဌာနက ထုတ်ပေးထားတဲ့ အိမ်ထောင်စု
စာရင်းတွေကို တရားဝင်ထုတ်ပေးခြင်းရှိမရှိ ၊ ထုတ်ပေးမှုမှန်ကန် မှု ရှိမရှိ၊ အိမ်ထောင်စုစာရင်းမရှိဘဲ ဧည့်စာရင်းဖြင့် နေထိုင်ခြင်း ဒါမှမဟုတ် တရားဝင်နေထိုင်ခြင်း ရှိမရှိကို ရုံးလက်ခံမှတ်တမ်းတွေနဲ့ စစ်ဆေး
သွားမယ်။” ဟု ဒုဝန်ကြီးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင်ထို့ကဲ့သို့သော စစ်ဆေးမှုများကို စတင်ပြုလုပ်
နေပြီ ဖြစ်ပြီး နည်းလမ်းများ မှန်ကန်စေရေးအတွက် အခြားပြည်နယ်
နှင့် တိုင်းဒေသကြီးများမှ ၀န်ထမ်းများတိုးမြင့်၍ ဖွဲ့စည်း စစ်ဆေး
လျှက်ရှိကြောင်း သိရသည်။ ထို့ပြင် မမှန်မကန်ပြုလုပ်သော ၀န်ထမ်းများ
ကိုပါ ထိရောက်စွာ အရေးယူ သွားမည့်အပြင် တရားမ၀င်နေထိုင်
သူများကိုလည်း ဥပဒေနှင့် အညီအရေးယူသွားမည် ဖြစ်ကြောင်းလည်း ဒုတိယ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

“ မန္တလေးမှာက ရပ်ကွက်တိုင်းရဲ့ သုံးပုံတစ်ပုံဟာ လူမျိုးခြားတွေပဲ။ အိမ်ကြီးအိမ်ကောင်းကြီးတွေ တိုက်တာခြံဝန်းအကျယ်ကြီးတွေအကုန်လုံးက သွားမကြည့်နဲ့ လူမျိုးခြားတွေပဲ။လက်ညိုးထိုးမလွဲဘူး။ ဗမာတွေကတော့ အဲဒီလိုမျိုး ဘယ်လိုလုပ်နေနိုင်မှာလဲ။ မြန်မာတွေပိုင်တာ နည်းတယ်။” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

မန္တလေးမြို့ရှိ တရားမ၀င်နေထိုင်နေသော လူမျိုးခြားများအား ဥပဒေ
နှင့်အညီ စစ်ဆေးအရေးယူမှုများ ပြုလုပ်ရာတွင် ၀န်ကြီးဌာနပိုင်းအနေဖြင့် သမာသမတ်ရှိရှိ ဖြင့် မှန်ကန်ပြတ်သားစွာအရေးယူရန်လိုအပ်ပြီး တစ်ဖက်မှ အခြေချနေထိုင်သူများသည် လွန်စွာမှ ချမ်းသာသူများဖြစ်သဖြင့် ငွေကြေး
များကို အသုံးချနိုင်မှုများ ရှိရာ မိမိတို့၏ စစ်ဆေးရေးဝန်ထမ်းများကိုလည်
အယုံအကြည်မလွယ်ရန်နှင့် ၀န်ထမ်းများမှ လာတ်ယူဆောင်ရွက်ထားမှုများ ရှိပါက ထိရောက်စွာ အပြစ်ပေးအရေးယူရန် လိုအပ်ကြောင်း အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က အကြံပြုပြောကြားသည်။

“ မန္တလေးမှာ မီးနှစ်ခါလောင်ပြီး အိုးအိမ်တွေ အကုန်တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ရပြီး။ လူတွေဒုက္ခရောက်ခဲ့တယ်။ အဲဒီအချိန်ကောင်းမှာပဲ မင်းနေပြည်တော်တ၀ိုက်မှာ ဈေးတွေပေးပြီး လူမျိုးခြားတွေ ၀င်လာ
ကြတယ်။အခုလို ပွင့်လင်းမြင်သာတဲ့အချိန်မဟုတ် ။ ပြောရေးဆိုခွင့်
မရှိတော့။အခြေအနေတွေကလည်း မပေးတော့ မြင်နေလျှက်နဲ့ ဘာမှမတက်နိုင်တဲ့အတွက် စိတ်မကောင်းစွာနဲ့ပဲ ကြည့်နေခဲ့ရတယ်။” ဟု ယင်းကိစ္စအား ဆွေးနွေးခဲ့သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါ်ခင်ဝိုင်းကြည်က The Messenger ဂျာနယ်သို့ ပြောသည်။

လက်ရှိမန္တလေးမြို့တော်ကြီးတွင် အချက်အချာကျသော နေရာ
ကောင်းများသာမက မြို့သစ်၊ မြို့ပြင်များတွင် မြေဧကလိုက်ဝယ်ယူပြီး
ခြံကြီးခြံကောင်းများ၊ ကိုယ်ပိုင်အစောင့်အရှောက်များဖြင့်နေထိုင်သော လူမျိုးခြားများ အထူးပင်များပြားလာကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။ ထို့ပြင် မန္တလေးမြို့တွင် လူမျိုးခြားဘာသာဖြင့် ရေးထိုးသော ဆိုင်းဘုတ်များ များပြားခဲ့ပြီး မြန်မာစာနှင့် အင်္ဂလိပ်စာ ရေးထိုးသော ဆိုင်းဘုတ်များ မရှိသလောက်ရှားပါးခဲ့သဖြင့် သက်ဆိုင်ရာမှ သတိပေး
ထားမြစ်ချက်များ ထုတ်ပြန်၍ တားမြစ်ခဲ့ရကြောင်း စုံစမ်းသိရသည်။

Messenger News Journal

SHARE THIS
Previous Post
Next Post
February 21, 2013 at 8:06 AM

ဒီလို မျှမျှတတ ပြောပါဗျာ။ အချို့ ဘလော့ဂ်တွေမှာ တရုတ်ဆိုပြီး ကွက်ညွှန်းထားတာ တွေ့ရလို့လေ။
မလေးရှားက အော်ပရာစီ (Operations) လုပ်သလို လုပ်ပစ်ရမှာ။ ကြိုတင် ကြေငြာ မနေနဲ့၊ လူမျိုးမရွေးနဲ့၊ ဘာသာ မရွေးနဲ့။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွေကိုရော၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တွေရော၊ မွတ်ဆလင် ဗလီတွေကိုပါ ၀င်စီးပြီး၊ သင့်တော်တဲ့ သူတွေကို တရားဝင် ဖြစ်သွားအောင်၊ မမှန်တဲ့သူ တွေ့ယင်လည်း တရားတဲ့ နည်းဥပဒေတွေနဲ့ လာဘ်မစားတဲ့ အဖွဲ့အစည်းတွေက (ပေါရဲလိုက်တာ) ကိုင်တွယ်လိုက်ယင် အဖြေ ထွက်လာမှာပေါ့။

Reply
avatar