တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား ပိုမိုသုံးစွဲနိုင်ရန် ကမ္ဘာ့ဘဏ်လုပ်ငန်းစုမှ ပံပိုးကူညီမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား ပိုမိုသုံးစွဲနိုင်ရန် ပံပိုးကူညီသွားမည်ဖြစ်ကြောင်း
ချက်ထရီယံဟိုတယ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘာ့ဘဏ်လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌနှင့် CEOဖြစ်သူ ဂျင်ယောင်ချိုင်းက ပြောကြားသည်။

"မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ လူမှုရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ဆိုတဲ့နေရာမှာ တစ်သမတ်တည်း လျှပ်စစ်ဓါတ်အား ဖြန့်ုဖြူးပေးဖို့ကလည်း သိပ်အရေးကြီးတယ်၊ ဒီလိုစီမံကိန်းတွေ လုပ်ဖို့လည်း IFC က မြန်မာအစိုးရနဲ့ လက်တွဲ လုပ်ဆောင်သွားမှာပါ" ဟု ယင်း က ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ဘဏ်လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုတိယဥက္ကဌနှင့် CEO ဖြစ်သူ ဂျင်ယောင်ချိုင်း၊ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒုဥက္ကဌ အက်ဆယ် ဗန် ထရော့စန်ဘတ်ဂ်၊ IFC ၏ အာရှပစိဖိတ် ဒုဥက္ကဌ ကာရင် ဖင်ကယ်စတန်တို့နှင့်အတူ MIGA ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ မိုက်ကယ်
ဝမ်ဆာ ပါဝင်သော အထူးကိုယ်စားလှယ် အဖွဲ့မှာ မြန်မာနိုင်ငံသို့ သုံးရက်တာ လာရောက်လေ့လာခဲ့ကြပြီးမြန်မာနိုင်ငံ၏ လျှပ် စစ်ဓါတ်အား၊ ဆက်သွယ်ရေး
စနစ်နှင့် ဘဏ်ပိုင်းဆိုင်ရာ ကဏ္ဍများကို တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။`

"တစ်နိုင်ငံလုံး လျှပ်စစ်မီးလုံလုံလောက်လောက်ရရှိမယ်ဆိုရင် ကလေးတွေလည်း
ညအခါ စာကောင်းကောင်းကြည့်နိုင်မယ်၊ ကျေးလက်ဒေသတွေရဲ့ ဆင်းရဲမှု လျော့ကျ သွားနိုင်ပြီး ပြည်သူ အားလုံးအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်လိမ့်မယ်" ဟု အက်ဆယ်ဗန် ထရော့စန်ဘတ်ဂ်က
ပြောကြာသည်။

မြန်မာနိုင်ငံ၏ လက်ရှိလျှပ်စစ်ဓါတ်အားပေးဝေနိုင်မှုသည် အမှန်တကယ်လိုအပ်သည်ထက် ၃၀ ရာခိုင်နှုန်းခန့်ပင် လျော့နည်းနေကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် အရေးကြီးသောအချက်မှာ လျှပ်စစ်ဓါတ်အားကို အလုံအလောက် သုံးစွဲခွင့်ရ ရှိရေးပင် ဖြစ်ကြောင်း၊
ယင်းအဖွဲ့သည် မြန်မာနိုင်ငံရှိ ဆင်းရဲချို့တဲ့သော လူတန်းစားများ၏ဘ၀ကိုမြှင့်တင်ပေးရန် အဓိက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်သောသုံးရက်တာခရီးစဉ်အတွင်း
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် အစိုးရအဖွဲ့ ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များအပြင် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်ပါ တွေ့ ဆုံခဲ့ကြောင်း သိရသည်။

ရည်မွန်

တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား ပိုမိုသုံးစွဲနိုင်ရန် 
ကမ္ဘာ့ဘဏ်လုပ်ငန်းစုမှ ပံပိုးကူညီမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား ပိုမိုသုံးစွဲနိုင်ရန် ပံပိုးကူညီသွားမည်
ဖြစ်ကြောင်း ချက်ထရီယံဟိုတယ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်း
လင်းပွဲ၌ ကမ္ဘာ့ဘဏ်လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌနှင့် CEO
 ဖြစ်သူ ဂျင်ယောင်ချိုင်းက ပြောကြားသည်။

"မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ လူမှုရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ဆိုတဲ့နေရာမှာ တစ်သမတ်တည်း လျှပ်စစ်ဓါတ်အား ဖြန့်ုဖြူးပေးဖို့ကလည်း သိပ်အရေးကြီးတယ်၊ 
ဒီလိုစီမံကိန်းတွေ လုပ်ဖို့လည်း IFC က မြန်မာအစိုးရနဲ့ လက်တွဲ 
လုပ်ဆောင်သွားမှာပါ" ဟု ယင်း က ဆက်လက်ပြောကြားသည်။

ကမ္ဘာ့ဘဏ်လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုတိယဥက္ကဌနှင့် 
CEO ဖြစ်သူ ဂျင်ယောင်ချိုင်း၊ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်
ဒေသ ဆိုင်ရာ ဒုဥက္ကဌ အက်ဆယ် ဗန် ထရော့စန်ဘတ်ဂ်၊ IFC ၏ အာရှပစိဖိတ် 
ဒုဥက္ကဌ ကာရင် ဖင်ကယ်စတန်တို့နှင့်အတူ MIGA ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ မိုက်ကယ်
ဝမ်ဆာ ပါဝင်သော အထူးကိုယ်စားလှယ် အဖွဲ့မှာ မြန်မာနိုင်ငံသို့ သုံးရက်တာ လာရောက်လေ့လာခဲ့ကြပြီးမြန်မာနိုင်ငံ၏ လျှပ် စစ်ဓါတ်အား၊ ဆက်သွယ်ရေး
စနစ်နှင့် ဘဏ်ပိုင်းဆိုင်ရာ ကဏ္ဍများကို တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။`

"တစ်နိုင်ငံလုံး လျှပ်စစ်မီးလုံလုံလောက်လောက်ရရှိမယ်ဆိုရင် ကလေးတွေလည်း
ညအခါ စာကောင်းကောင်းကြည့်နိုင်မယ်၊ ကျေးလက်ဒေသတွေရဲ့ ဆင်းရဲမှု လျော့ကျ သွားနိုင်ပြီး ပြည်သူ အားလုံးအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်လိမ့်မယ်" ဟု အက်ဆယ်ဗန် ထရော့စန်ဘတ်ဂ်က
ပြောကြာသည်။

မြန်မာနိုင်ငံ၏ လက်ရှိလျှပ်စစ်ဓါတ်အားပေးဝေနိုင်မှုသည် အမှန်တကယ်
လိုအပ်သည်ထက် ၃၀ ရာခိုင်နှုန်းခန့်ပင် လျော့နည်းနေကြောင်း၊  မြန်မာနိုင်ငံ 
အနေဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် အရေးကြီးသောအချက်မှာ 
လျှပ်စစ်ဓါတ်အားကို အလုံအလောက် သုံးစွဲခွင့်ရ ရှိရေးပင် ဖြစ်ကြောင်း၊
 ယင်းအဖွဲ့သည် မြန်မာနိုင်ငံရှိ ဆင်းရဲချို့တဲ့သော လူတန်းစားများ၏ဘ၀ကို
 မြှင့်တင်ပေးရန် အဓိက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်သော သုံးရက်တာခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊
ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် အစိုးရအဖွဲ့ ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များအပြင် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်ပါ တွေ့ ဆုံခဲ့ကြောင်း သိရသည်။

ရည်မွန်

SHARE THIS
Previous Post
Next Post