KIA မှ ရွှေကူမြို့နယ်တွင် ဘိန်းခန်းများနှင့် လောင်းကစားဝိုင်းများဖွင့်နေ

ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၁၃

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း KIA မှ သစ်ကုန်သည်များ၊ စည်းပွားရေးသမားများနှင့် ပေါင်းပြီး အနှိပ်ခန်းများ၊ လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းများ ပြုလုပ်နေကြောင်းသိရသည်။

ရွှေကူမြို့နယ်အတွင်းရှိ ကနစိုကျေးရွာတွင် တရုတ်နိုင်ငံမှ သစ်ကုန်သည်များ၊ လောင်းကစားဒိုင်များနှင့် မူးယစ် ဆေးဝါးကုန်သည်များသည် KIA အဖွဲ့အား ရံပုံငွေ ပေးသွင်းပြီး တရားဝင် ရောင်းဝယ်ဆောင် ရွက်နေကြသည်။ “အဲဒီရွာမှာ ကာရာအိုကေဆိုင်၊ ဘီယာဆိုင်၊ အနှိပ်ခန်း၊ လေးကောင်ဂျင် ၀ိုင်း၊ ခြောက်ကောင် ဂျင်ဝိုင်းတွေအပြင် စိတ်ကြွဆေးပြားရောင်းတဲ့ဆိုင်၊ ခပ်ပုံ၊ ဘိန်းမဲတွေကို တရား ၀င်ရောင်းပါတယ်။ တရုတ်နိုင်ငံက သစ်လုပ်တဲ့ ကုန်သည်တွေ၊ ရွှေလာတူးနေတဲ့ စီးပွားရေး သမားတွေ၊ ရွှေလုပ်သားတွေနဲ့ အရမ်းစည်ကားနေပါတယ်။ အဲဒီ ကနစိုရွာကို KIA အဖွဲ့က လုံခြုံရေးလုပ်ပေးပါတယ်။ KIA တပ်ရင်း(၁၂)လို့ သိရပါတယ်။ အခုလည်း အဲဒီရွာမှာ ဇာတ်ပွဲ တစ်ပွဲလာကမယ်လို့ သိရပါတယ်။ ပွဲတစ်ပွဲလာကရင် KIA အဖွဲ့ကို သိန်း(၈၀) ပေးရတယ်” ဟု ရွှေလုပ် သားတစ်ဦးမှ ပြောပြပါသည်။

SHARE THIS
Previous Post
Next Post