KIA တပ်များ အစိုးရတပ်အား တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃

KIA တပ်ဖွဲ့အနေဖြင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နောက်ကွယ်တွင်လည်း KIA တပ်ဖွဲ့အား လူ၊လက်နက်အင်အား တောင့်တင်းခိုင်မာအောင် တည် ဆောက်နေပြီး အစိုးရတပ်များကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
“လက်ရှိ KIA တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ဒေသတိုင်းမှာ အရွယ်ကောင်းတဲ့ ယောင်္ကျားနဲ့ အမျိုးသမီးတွေကို သူတို့က အတင်းခေါ်သွားတာတွေ လုပ်နေတယ်။ ပြီးတော့ လိုင်ဇာမှာ စစ်သင်တန်းပေးတယ်။ အစိုးရတပ်တွေ ကို ငါတို့ ပြန်တိုက်မယ်။ ငါတို့တွေ နောက်(၂)နှစ်လောက် အစိုးရကို ပြန်တိုက်ပြီးရင် ငါတို့ ကချင်ပြည်နယ် ကို ပြန်ယူမယ်” လို့ပြောကြောင်း သင်တန်းသားအဖြစ်စုဆောင်းခံရပြီး လွတ်လာသူတစ်ဦးမှ ပြောပြတယ်။
KIA တပ်ဖွဲ့တွေက အခုလိုစစ်ရေးလေ့ကျင့်ပြီး တန်ပြန်ထိုးစစ်လုပ်နိုင်အောင် ပြင်ဆင်နေတယ် တစ်ဘက်ကလည်း အစိုးရတပ်တွေနဲ့ မြန်မာမုန်းတီးရေးတွေလဲ လုပ်နေတယ်လို့သိရပါတယ်။
“ကျနော်တို့ စစ်သင်တန်းတက်တုန်း နည်းပြတွေကပြောတယ်။ ဗမာလူမျိုးတွေကို မင်းတို့ လုံးဝလက်နက်ချ အရှုံးမပေးနဲ့၊ မိန်းကလေးတွေကလည်း ဗမာယောင်္ကျားကိုလုံးဝမယူနဲ့၊ ငါတို့ကချင်ဆိုတာ လူမျိုးကြီးတွေ” စသည်ဖြင့် လူမျိုးရေးခွဲခြားမှုတွေပြောဆိုပြီး မခံချင်စိတ်တွေဖြစ်အောင် ပြောဆိုလေ့ကျင့်ပေးနေတယ်လို့ သိရ ပါတယ်။
လိုင်ဇာနဲ့ KIA တပ်တွေမှာ ကျန်ခဲ့တဲ့ အဓမ္မစုဆောင်းခံရပြီး စစ်သားလုပ်နေရတဲ့သူတွေထဲမှာ မိဘနေရပ်ကို ပြန်ချင်တဲ့သူတွေနဲ့ ထွက်ပြေးဖို့ကြိုးစားနေတဲ့သူ အများကြီးရှိတယ်၊ ထွက်ပြေးရင်လည်း ပြန်ဖမ်းမိပြီး ပစ်သတ်ခံရမှာ ကြောက်လို့ မနေချင်ဘဲ နေနေကြရတဲ့သူတွေရှိတယ်လို့ သိရပါတယ်။

Like · · · 33 minutes ago ·

SHARE THIS
Previous Post
Next Post