သတ္တုတွင်း ဝန်ကြီးဌာနက The Voice Weekly ကို အမှုကျေအေး

သတ္တုတွင်း ဝန်ကြီးဌာနက The Voice Weekly ကို တရားစွဲဆိုထားတဲ့ အမှုကို "စာနယ်ဇင်းလောကရဲ့ အကျိုးကို ရှေးရှုဖို့ ညှိနှိုင်းလာတဲ့အပေါ် ကျေအေးလိုက်ကြောင်း" သတ္တုတွင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက ဒီဗွီဘီကို ပြောကြားပါတယ်။

ဒီနေ့ ဇန်န၀ါရီ ၃၁ရက်နေ့က ဒဂုံမြို့နယ် တရားရုံး မြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က အမှုကျေအေးခွင့် ပြုလိုက်ကြောင်း အမိန့် ချမှတ်လိုက်ပါတယ်။

ဝန်ကြီးဌာနတစ်ခုက မီဒီယာတစ်ခုကို တရားစွဲတယ်ဆိုတာလည်း လူကြားလို့မကောင်းကြောင်း၊ စာနယ်ဇင်းကောင်စီ(ယာယီ)က ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အခုလိုကျေအေးလိုက်တာ သူနိုင် ကိုယ်နိုင် win-win ဖြစ်သွားတာ ကောင်းပါတယ်လို့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကလည်း ဂုံမြို့နယ် တရားရုံးရှေ့မှာ ဒီဗွီဘီကို ပြောကြားသွားပါတယ်။

(ရိုက်ကူး- ဖိုးကျော်)
DVB


SHARE THIS
Previous Post
Next Post