ကာကွယ်ရေး ဦးစီးချုပ်(လေ)ကို ဆက်သွယ်ရေး ၀န်ကြီး မခန့်သင့်ဟု The Voice ဂျာနယ်ဖော်ပြ

သမ္မတကြီး ဦးသိန်းစိန်နှင့် နိုင်ငံတော် အစိုးရမှ တရားဝင် ခန့်အပ်ခဲ့သည့် ဆက်သွယ်ရေးဝန်ကြီးအား တပ်မေ တာ် မှ ဖြစ်သည့်အတွက် မခန့်သင့်ကြောင်း အမည်မဖော်လိုသည့် ဆရာဝန် တစ်ဦး ၏ ပေးစာ အ သွင်ဖြင့် The Voice ဂျာနယ်မှ ဖော်ပြခဲ့ပါတယ်။

ပေးစာ၏ အစတွင် ယခင်အစိုးရ ခေါင်းဆောင်များအား စော်ကားသည့် ရုပ်ပုံ၊ အကြောင်း အရာများ ဖြန့်ဝေ သည့် ဘလော့ဂါ နေဘုန်းလတ် ၏ အပြောကို ကိုး ကား၍ နည်းပညာ ၀န်ကြီး နေရာမှာ နည်းပညာကို နားလည် တဲ့သူ ကိုပဲ ခန့်အ ပ်သင့် တယ်လို့ ဖော်ပြ ထားပါတယ.်။

စာရေးသူ ဆရာဝန်မှ ကာကွယ်ရေး ဦးစီးချုပ်နေရာမှ ဘယ်အချိန် ကာလက ဆရာဝန် တစ်ဦး၊ ကျောင်း ဆ ရာ တစ် ဦး ပဲ ဖြစ်ဖြစ် ခန့်အပ်ခဲ့ဖူးပါသလား ဆိုပြီး မေးခွန်းထု တ်တယ် ဟု ရေးသား ထားပါတယ်။

အံ့သြ သင့်ဖွယ် ဆရာဝန်တစ်ဦး၏ အမြင်လား၊ The Voice အမြင်လား ဆိုပြီး ခွဲခြား မရနိုင်ပါဘူး။ ကမ္ဘာ့မြို့ ကြီး များက ဆေးရုံ အုပ်ကြီးတွေဟာ ဆေးကုတဲ့ ဆရာဝန်တွေ မဟုတ်ကြပါဘူး။ ထို့ပြင် ဒီပညာ တတ်မှ ဒီဝန် ကြီး လုပ်ရမယ် ဆိုရင်တော့ လွတ်လပ်ရေး ရပြီး ဗိုလ်ချုပ်နှင့် တကွ ခန့်ထား ခဲ့တဲ့ ၀န်ကြီးတွေကို အသုံးမ ကျ ဘဲ အခန့် သား နေရာဝ င်ယူတယ် လို့ ပြောရမလို ဖြစ်ပါတယ်။

နောက်ဆုံး ပြောရ လျှင်တော့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ဘာဘွဲ့မှ မရဖူး၊ မသင် ဖူးပဲနဲ့ မည်သူ ခေါင်းေ ဆာင် လုပ်မလဲ ဟုသာ မေးလိုက်ချင်ပါတယ်။

ဌာနတစ်ခု၏ လုပ်ငန်းတာဝန်၊ ၀င်ငွေထွက်ငွေ၊ ၀န်ထမ်းရေးရာ၊ အုပ်ချုပ်မှု ကိစ္စ အားလုံး သူ့အကန့် နဲ့သူ သာ ဖြစ်ပါ တယ်။ ကောင်းကင်နဲ့ မြေပြင်ကို အသက်တွေ ရင်းပြီး ဆက်သွယ် လုပ်ဆောင်တဲ့ ဌာန တစ်ခုက အကြီးအ ကဲဟာ မြေပြင်မှာ တိုင်ထောင်ပြီး ဂြိုဟ်တုနဲ့ ဆက်သွယ်ရေးလုပ်တာကို နားမလည်ရလောက်ေ အာင် ဗဟုသုတ မရှိဘူး။ ပညာ မတတ် ဘူး လို့ ဆိုတာကိုလဲ အံ့သြသင့်ဖွယ် ပညာတတ်တစ်ဦး၏ အာဘော် ဟုတ်မဟုတ် ကိုတော့ The Voice သာလျှင် သိနိုင်ပါလိမ့်မည်။

Oppositeyes

=================================

SHARE THIS
Previous Post
Next Post