ဂျပန်နိုင်ငံမှ တင်သွင်းသည့် 1250 KVA Diesel Generator စက်လေးလုံး ရန်ကုန်မြို့သို့ရောက်ရှိ



ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့မြ၀တီနယ် ကမ်းနားလမ်းရှိ အေရှားဝေါလ် ဆိပ်ကမ်းသို့ ဂျပန်နိုင်ငံ Mitsubishi Heavy Industries Co., Ltd မှ တင်သွင်းသည့် Mitsubishi အမျိုးအစား 1250 KVA Diesel Generator စက်လေးလုံးနှင့် ဆက်စပ်ပစ္စည်းများ ယမန်နေ့က ရောက်ရှိလာမှု အခြေအနေနှင့် ဓာတ်အားပေး စက်များအား တင်ဆောင် နေမှုများကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးညိုဝင်းက ကြီးကြပ် ဆောင်ရွက် ခဲ့သည်။
အဆိုပါ မီးစက် လေးလုံးသည် မတ်၅ ရက်က ဂျပန်နိုင်ငံမှ Kota Tampam (TPN 497) သင်္ဘောဖြင့် အလုံမြို့နယ် ကမ်းနားမြ၀တီလမ်းရှိ အေရှားဝေါလ် ဆိပ်ကမ်းသို့ ဆိုက်ကပ် လာခဲ့သည်။ မတ် ၆ ရက်က ရေယာဉ် ပေါ်မှ စက်ယန္တရား များဖြင့် သယ်၍ မော်တော်ယာဉ် ပေါ်သို့ တင်ဆောင်ပြီး မတ် ၇ ရက်တွင် အလုံမြို့နယ် ကမ်းနားလမ်းရှိ မြန်မာ့ လျှပ်စစ်ဓာတ်အား လုပ်ငန်း ပစ္စည်း စီမံရေး ဌာနသို့ ပို့ဆောင် ခဲ့သည်။ အဆိုပါ ဓာတ်အားပေး စက်လေးလုံးအား မန္တလေးတိုင်း ဒေသ ကြီးသို့ နှစ်လုံး၊ မကွေးမြို့သို့ တစ်လုံးနှင့် ရခိုင်ပြည်နယ် အမ်းမြို့သို့ တစ်လုံး ပို့ဆောင်ခဲ့ကြောင်း သတင်း ရရှိသည်။


ဂျပန်နိုင်ငံမှ တင်သွင်းသည့် 1250 KVA Diesel Generator စက်လေးလုံး ရန်ကုန်မြို့သို့ရောက်ရှိ

ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် ကမ်းနားလမ်းရှိ အေရှားဝေါလ် ဆိပ်ကမ်းသို့ ဂျပန်နိုင်ငံ Mitsubishi  Heavy Industries Co., Ltd မှ တင်သွင်းသည့် Mitsubishi အမျိုးအစား 1250 KVA Diesel Generator  စက်လေးလုံးနှင့် ဆက်စပ်ပစ္စည်းများ ယမန်နေ့က ရောက်ရှိလာမှု အခြေအနေနှင့် ဓာတ်အားပေး စက်များအား တင်ဆောင် နေမှုများကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ အင်ဂျင်နီယာချုပ်  ဦးညိုဝင်းက ကြီးကြပ် ဆောင်ရွက် ခဲ့သည်။

အဆိုပါ မီးစက် လေးလုံးသည် မတ်၅ ရက်က ဂျပန်နိုင်ငံမှ Kota Tampam (TPN 497) သင်္ဘောဖြင့် အလုံမြို့နယ် ကမ်းနားလမ်းရှိ အေရှားဝေါလ် ဆိပ်ကမ်းသို့ ဆိုက်ကပ် လာခဲ့သည်။ မတ် ၆ ရက်က ရေယာဉ် ပေါ်မှ စက်ယန္တရား များဖြင့် သယ်၍ မော်တော်ယာဉ် ပေါ်သို့ တင်ဆောင်ပြီး မတ် ၇ ရက်တွင် အလုံမြို့နယ် ကမ်းနားလမ်းရှိ မြန်မာ့ လျှပ်စစ်ဓာတ်အား လုပ်ငန်း ပစ္စည်း စီမံရေး ဌာနသို့ ပို့ဆောင် ခဲ့သည်။ အဆိုပါ ဓာတ်အားပေး စက်လေးလုံးအား မန္တလေးတိုင်း ဒေသ ကြီးသို့ နှစ်လုံး၊ မကွေးမြို့သို့ တစ်လုံးနှင့်  ရခိုင်ပြည်နယ် အမ်းမြို့သို့ တစ်လုံး ပို့ဆောင်ခဲ့ကြောင်း သတင်း ရရှိသည်။  

 http://www.myawady.net.mm/allnews/local/item/8778-2013-03-09-14-13-10

SHARE THIS
Previous Post
Next Post