ဗဟိုအာဖရိကသမ္မတနိုင်ငံ သူပုန်တွေ မြို့တော်ကို ထိန်းချုပ်

ဗဟိုအာဖရိက သမ္မတ နိုင်ငံက သူပုန်တွေဟာ မြို့တော် ဘန်ဂီကို ထိန်းချုပ် လိုက်ပြီ ဖြစ်ပြီး၊ သမ္မတ နန်းတော်ကိုလည်း သိမ်းယူ လိုက်ပြီ ဖြစ်ပါတယ်။
သမ္မတ ဖရန်ဆွာ ဘိုဇီဇေး ကတော့ မြို့တော်ကနေ ထွက်ပြေး လွတ်မြောက် သွားပြီ ဖြစ်တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရန့် ဖက်ဗျူ့စ် က ပြောပေ မယ့် ဘယ်ကို ထွက်သွား တယ်ဆိုတဲ့ အသေးစိတ် ကိုတော့ ထုတ်ဖေါ် ပြောကြားခြင်း မရှိပါ။
သမ္မတ ဘိုဇီဇေးရဲ့ ဇနီးနဲ့ ကလေးတွေ အပါအဝင် တခြား မိသားစု ဝင်တွေဟာ အိမ်နီးချင်း ဒီမိုကရက်တစ် ကွန်ဂို သမ္မတ နိုင်ငံကို ရောက်ရှိ လာတယ် လို့ အဲဒီက ဝန်ကြီး တပါးက ပြောပါတယ်။
မြို့ရဲ့ အခြေအနေ တွေဟာ လုယက်မှုတွေ အများ အပြား ဖြစ်နေပြီး၊ ဝရုန်း သုန်းကားနဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်နေ တယ်လို့ ဘန်ဂီမှာ ရှိတဲ့ လူသားချင်း ဆိုင်ရာ ကူညီမှုတွေ ဆောင်ရွက် ပေးနေသူ တဦးက ပြောပါတယ်။
ဇန်နဝါရီလက နှစ်ဘက် သဘောတူ ခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်ပါ လိုက်နာ ရမယ့် စည်းကမ်းချက် တွေကို သမ္မတ ဘိုဇီဇေးက လေးစား လိုက်နာခြင်း မရှိဘဲ ချိုးဖေါက် ခဲ့တယ်လို့ သူပုန်တွေက စွပ်စွဲထား ပါတယ်။
BBC

မတ်လ ၂၅ ရက်၊ ၂၀၁၃ 

SHARE THIS
Previous Post
Next Post