မကွေးတိုင်း ဒေသကြီး အတွင်း ကျေးလက်ရေ ရရှိရေး လုပ်ငန်းများကို
နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနနှင့်
ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ ICA) တို့
ပူးပေါင်း၍ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၆-၂ဝ၁၇ခုနှစ်အထိ ငါးနှစ် စီမံကိန်း
ရေးဆွဲ အကောင်အထည် ဖော်လျက် ရှိသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနနှင့် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ တာဝန် ရှိသူများသည် မတ် ၁၇ ရက်က ရေနံချောင်း မြို့နယ် အတွင်းရှိ ထနောင်းလှ ကျေးရွာ၊ ချောက်မြို့နယ် အတွင်းရှိ ကျေးရွာ ငါးရွာတွင် ကျေးလက် ဦးစီး ဌာနပိုင် စက်ယန္တရား များဖြင့် အချင်း လေးလက်မ၊ အနက်ပေ ၈ဝဝ ရှိ တွင်းနက်များ တူးဖော်နေမှု လုပ်ငန်းတို့ကို စစ်ဆေး ခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနသည် (JICA) ၏ ထောက်ပံ့ငွေဖြင့် အပူပိုင်းဇုန် တိုင်းဒေသကြီး သုံးတိုင်း ဖြစ်သော မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး တို့တွင် စက်ရေတွင်းပေါင်း ၈၇ တွင်းကို ငါးနှစ် စီမံကိန်း အရ နှစ်အလိုက် လျာထား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။