နေပူတောင် ကျောက်ထုတ်မည့် စီမံကိန်း ရပ်ရန် ရခိုင်လွှတ်တော်တွင် အဆိုတင်

တောင်ကုတ်မြို့နယ်တွင် ရှိသော နေပူတောင်ကျောက်တောင်မှ တစ်နှစ် လျှင် ကျောက် မက်ထရိတ်တန် ၇၅၈၀ ထုတ်ခွင့်ပြုထားမှုကို ရပ်ဆိုင်းရန် ရခိုင်ပြည်နယ် လွှတ်တော် ပထမအကြီမ် ဆဌမ ပုံမှန်အစည်းအစေးတွင် စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က တင်သွင်းခဲ့သည်။

ယင်းစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင် ဗီယက်နမ်နိုင်ငံနှင့် ချုပ်ဆိုထား သည်။

နေပူတောင်သည် မြန်မာနိုင်ငံတွင်ရှိသော ကျောက်များထဲမှ တစ်ခု တည်းသော ထူးခြားသည့် ကျောက်တမျိုးဖြစ်ပြီး မည်မျှ အသုံးဝင်မည်၊ မည်မျှတန်ဖိုးရှိမည်ကို သုတေသန ပြုလုပ်ပြီးမှသာ ထုတ်လုပ်ရောင်းချ သင့်ကြောင်း ဦးအောင်မြကျော်က အကြံပြုသည်။

အဖိုးမဖြတ်နိုင်သော ကျောက်တောင်ဟု သိထားသည့် ဒေသခံ ရခိုင်ပြည်သူ လူထုကလဲ ဒေသအတွက် အကျိုးခံစားခွင့် တစ်စုံတရာမရှိဘဲ ထိုနေပူတောင် တစ်ခုလုံး ကွယ်ပျောက်သွားမည့် အရေးကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း
၎င်းက ဆိုသည်။

ဗီယက်နမ်နှင့် ချုပ်ဆိုထားသော စာချုပ်မှာကိုလည်း ဒေသခံ ရခိုင်တိုင်းရင်း သားများနှင့် ပြည်သူလူထုကို ပွင်လင်းမြင်သာစွာ ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊
ပွင်းလင်းမြင်သာမှုမရှိပါက ကြေးနီတောင် စီမံကိန်း ကဲ့သို့ ဖြစ်သွား နိုင်ကြောင်း ဦးအောင်မြကျော်က တင်ပြသည်။

သတင်းရင်းမြစ် - အောင်မြကျော် (Facebook)

ဓါတ်ပုံ - RSV

SHARE THIS
Previous Post
Next Post