Thursday, March 28, 2013
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ
ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန်
သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဖမ်မ်သန်ဇွန်းသည် ယနေ့ နံနက် ၁၁
နာရီခွဲ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်သို့ သွားရောက်၍
၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာ
န ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြား
ရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက်ကြသည်။
မြ၀တီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ