ဂျပန်နိုင်ငံ၊ ဝီလ်ကွမ်ဖုန်းထုတ် လုပ်ရေးကုမ္ပဏီမှ ကမ္ဘာ့အသေးဆုံး မိုဘိုင်းဖုန်းကို တီထွင်လိုက်ပြီဖြစ် သည်။
WX06A ဟု အမည်ပေးထား သော ကစားစရာသဏ္ဌာန်မိုဘိုင်း ဖုန်းကလေးမှာ အတိုင်းအတာအား ဖြင့် ၃၂ မီလီမီတာx၇ဝ မီလီမီတာx ၁ဝ ဒသမ ၇ မီလီမီတာရှိသည်။
iPhone တစ်ခု၏ အလေးချိန် လေးပုံတစ်ပုံသာရှိပြီး ၃၂ ဂရမ်သာ လေးသည်။
မိုဘိုင်းဖုန်းငယ်တွင် တစ်လက် မအရွယ်ရောင်စုံ OLED ဖန်သား ပြင်ပါရှိသည်။အလွန်သေးငယ်သည့် အရွယ်အစားကြောင့် ကင်မရာမပါ ဝင်သော်လည်း E-mail ပို့ရာတွင်မူ အသုံးပြုနိုင်သည်။
ဖုန်းဆက်သွယ်မှု ပိုမိုကောင်း မွန်စေရန် ခေါက်နိုင်၊ ဖြန့်နိုင်သည့် အင်တင်နာတစ်စုံတပ်ဆင်ပေးထား သည်။
ဟန်းဆက်တွင် အသုံးပြုသည့် ဘက်ထရီသည် ဆက်သွယ်မှုမပြုဘဲ အသင့်စောင့်ချိန်တွင် နာရီ ၃ဝဝ အ ထိ တာရှည်ခံပြီး စကားပြောချိန်နှစ် နာရီအထိတောက်လျှောက်အသုံးပြု နိုင်သည်။
သို့ရာတွင် ယခုတီထွင်လိုက် သည့် ကမ္ဘာ့အသေးဆုံးဖုန်းကလေး မှာ ဂျပန်ရှိ PHS ဖုန်းစနစ်တွင်သာ အသုံးပြုနိုင်သေးသည်ဟုဆိုသည်။