ဗင်နီဇွဲလား ဒုတိယ သမ္မတ လက်စ်မာဒူရို သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆို

ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗက်ဇ် ကွယ်လွန် ပြီးနောက် ဒုတိယ သမ္မတ နီကို လက်စ်မာဒူရိုက ယာယီ သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ရန် မတ် ၈ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဒီအို့ခ် ဒါဒိုကာဘဲလ်လို ဦးဆောင် ကျင်းပသော ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ကရားကာ့စ် မြို့တွင် မတ် ၈ ရက်က ကျင်းပခဲ့ပြီး မာဒူရိုနှင့် ကာဘဲလ်လို တို့က ချားဗက်ဇ်၏ ဆိုရှယ်လစ် မူဝါဒ ကြီးစိုးသော အစီအစဉ်ကို ဆက်လက် လုပ်ဆောင် သွားမည်ဟု ကတိပြု ခဲ့ကြသည်။

မိမိအနေဖြင့် ပြည်သူများနှင့် အတူ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကာကွယ် လိုက်နာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မာဒူရိုက ပြောကြား ခဲ့သည်။

ဗင်နီဇွဲလား အစိုးရ အနေဖြင့် ဆိုရှယ်လစ် မူဝါဒများကို ဆက်လက်ကျင့်သုံး လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ကာဘဲလ်လိုက ပြောကြား ထားပြီး ယာယီ အစိုးရသည် ရွေးကောက်ပွဲ များကို တစ်လအတွင်း ကျင်းပရန် မျှော်မှန်းထားကြောင်း သိရသည်။

http://bit.ly/XcsvMO

SHARE THIS
Previous Post
Next Post