
အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ANIသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ယခုသတင်းအား အတည်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မတ်လ (၁၀)ရက်နေ့က မိမိတို့သည် ဖမ်းဆီးထားသည့် ဓားစာခံ ဖိလစ် ဗာဒန်ကို ခေါင်းဖြတ်ခဲ့ကြောင်းနှင့် ယင်းသည် မာလီတွင် ပြင်သစ်စစ်တပ်၏ စွက်ဖက်မှုကို တုံ့ပြန်ခြင်းဖြစ်ကြောင်းလည်း ယင်းက ပြောကြားသွားသည်။ ဗန်ဒါသည် (၂၀၁၁)ခုနှစ်၊ နိုဝင်ဘာလ ကတည်းက မာလီမြောက်ပိုင်း ဟွမ်ဘိုရီမြို့တွင် ဖမ်းဆီးခံလိုက်ရသည့် ပြင်သစ်ဓားစာခံ နှစ်ဦးအနက်မှ တစ်ဦးဖြစ်သည်။
အဆိုပါ သတင်းအပေါ် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ လတ်တလောတွင် ယင်းသတင်းကို အမှီအခိုကင်းစွာ အတည်မပြုနိုင်သေးဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက်ပြုခဲ့သည်။ အာဖရိက အနောက်ပိုင်းတွင် နောက်ထပ် ပြန်ပေးဆွဲခံရသူ ပြင်သစ် နိုင်ငံသား (၁၄)ဦး ရှိနေပြီး ယင်းတို့အနက် (၇)ဦးသည် အယ်လ်ကေးဒါးနှင့် ဆက်နွယ်နေသော အကြမ်းဖက်အဖွဲ့များ လက်အောက် ရောက်ရှိနေသည်ဟု ယူဆရကြောင်း သတင်းများက ဖော်ပြသွားသည်။
Source: NY Times
SHARE THIS