အာဂျင်တီးနား နိုင်ငံမှ မာရီရိုဘက်ဂိုလီယိုအား ပုပ်ရဟန်းမင်းကြီး
အသစ်အဖြစ် ရွေးချယ်တင်မြှောက် လိုက်ရာ နှစ်ပေါင်း ၁၃၀၀ ခန့် အတွင်း
ဥရောပနိုင်ငံသား မဟုတ်သည့် ပထမဆုံး ပုပ်ရဟန်း မင်းကြီး ဖြစ်လာကြောင်း မတ်
၁၄ ရက်က သတင်း ထုတ်ပြန်သည်။ ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်
တင်မြှောက်ပွဲကို ထောင်ပေါင်း များစွာသော ပြည်သူတို့က ဗာတီကန်စီးတီး
ပြည်သူ့ရင်ပြင်၌ စောင့်မျှော်ကြည့်ရှု ခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီး
မာရီရိုဘက်ဂိုလီယိုသည် လက်တင် အမေရိက ကိုယ်စားပြု ပထမဆုံး
ပုပ်ရဟန်းမင်းကြီးလည်း ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး မာရီရိုဘတ်ဂိုလီယိုသည်
ကမ္ဘာတစ်ဝန်းမှ ခရစ်ယာန် ဘာသာဝင် ၁ ဒသမ ၂ ဘီလီယံခန့်ကို ဦးဆောင်ရမည်
ဖြစ်သည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
