မြန်မာ့အသက်ကြီးဆုံး ပန်းချီဆရာအား ပန်းပုထု၍ ဂုဏ်ပြု

Sunday, March 31, 2013

ယနေ့နံနက်မှ စတင်ကာ တံကောင်းခန်းမ၌ လက်ရှိပန်းချီများ ရေးဆွဲလျက်
ရှိသော အသက်ကြီးဆုံး ပန်းချီဆရာဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင်၊ BDA တပ်မတော်သား တစ်ဦးဖြစ်သည့် ဦးစန်းလှိုင်အား ပန်းပုပညာရှင် ကျော်ကျော်
မင်းက ပန်းပုထုလုပ်ဂုဏ်ပြု၍ ပန်းချီရွှေမြင့်က ပန်းချီရေးဆွဲဂုဏ်ပြုကြကြောင်း
တကောင်းခန်းမ တာဝန်ခံ ကိုအောင်သန့်ဖြူက ပြောကြားသည်။

“အသက်အရွယ်ကြီးလာတဲ့ သမိုင်းတွင်မဲ့အနုပညာရှင်ကြီးတွေရဲ့စိတ်ကို
ပြန်လည်ဂုဏ်ပြုမြှင့်တင်ပေးတာပါ။ အရင်လည်းအခြားပန်းချီဆရာကြီးတွေ
ကိုပုံတူထုလုပ် ဂုဏ်ပြုခဲ့ပြီးပါပြီ။ နောက်ထပ်လေးစား ဂုဏ်ပြုထိုက်သူတွေ
ကို ဆက်လက်ပြီး လုပ်ပေးသွားဦးမှာပါ။”ဟု ၎င်းပန်းပုထုလုပ် ဂုဏ်ပြုရပုံနှင့် ပတ်သက်၍ ပွဲစီစဉ်သူ ပန်းပုပညာရှင် ကျော်ကျော်မင်းက ပြောကြားသည်။

ပန်းချီဆရာ ရွှေမြင့်ကလည်း ၎င်းအနေဖြင့် ယခုကဲ့သို့ သမိုင်းတွင်ကျန်ရစ်စေမည့် ပုဂ္ဂိုလ်များ၏ ပုံတူများကို လိုက်လံ ရေးဆွဲရသည်မှာ များစွာ ဂုဏ်ယူမိကြောင်း
ပြောကြားသည်။

ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ မြေးဖြစ်သူ မသီရိကို က “ ကျွန်မတို့မှာ အခုလို အဘိုးရှိတာကို အရမ်းဂုဏ်ယူပါတယ်။ ဒါပေမဲ့ အဘိုးရဲ့ အမွေကိုဆက်ခံမယ့် မျိုးဆက်မရှိတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အဘိုးကတော့ခုအချိန်ထိ
အသက်ကိုးဆယ်ကျော်နေပေမယ့် မျက်မှန်မတပ်ဘဲ ပန်းချီဆွဲနေသေးတယ်။
ကျွန်မတို့ကိုလည်း ငယ်ငယ်က သင်ပေးခဲ့ပေမယ့် မတတ်မြောက်ခဲ့ကြပါဘူး” ဟု ပြောကြားသည်။

ပန်းချီဆရာကြီး ဦးစန်းလှိုင်က ပြောရာတွင် ၎င်းသည် ငယ်စဉ်ကတည်း
ကပင် ခေတ်ကိုထင်ဟတ်စေသော ပန်းချီများကို သမိုင်းအမွေအဖြစ် ရေး
ဆွဲခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ရေးဆွဲနေသေးကြောင်း၊ ထိုကဲ့သို့ ပန်းချီ
ဆွဲသော လက်နှင့်ပင် စစ်တိုက်ခဲ့ရကြောင်းကိုလည်း ပြောကြားသည်။

အောင်သိုက်
The Myanma Age
http://themyanmaage.com/

http://themyanmaage.com

SHARE THIS
Previous Post
Next Post