တန်ဘိုးနည်း ဆင်မ်ကတ် ဈေးနှုန်း မသတ်မှတ်ရသေးဟု ဆိုပြန်

Thursday, March 28, 2013
တန်ဘိုးနည်း ဆင်မ်ကတ်တွေ နဲ့ပတ်သက်ပြီး
မကြာခင် ရောင်းချပေးဖို့ အစီအစဉ်ရှိပေမယ့်
ဈေးနှုန်း မသတ်မှတ် ရသေးပါဘူးလို့ ဆက်သ
ွယ်ရေး ၀န်ကြီးဌာနက အိုင်တီ ၀န်ဆောင်မှု အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က
ပြောလိုက်ပါတယ်။
ဘယ်နေ့၊ ဘယ်ရက်မှာ ဘယ်ဈေးနှုန်းနဲ့ ဘယ်ပုံ
စံ ဖြန့်ဖြူးမယ်ဆိုတာ မသိရသေးကြောင်း မြန်
မာ့အလင်း သတင်းစာ ကို ဦးဌေးဝင်းက မတ်
လ ၂၅ ရက်နေ့က ပြောသွားတာပါ။
"ကျနော့်ဘက်က ၃ သန်းရှိတာတော့ သေချာတ
ယ်။ ဖုန်းတသန်းပဲ ချပေးမယ်ဆိုတာ လုံးဝ မဟု
တ်ပါဘူး" လို့ ဦးဌေးဝင်းက ပြောသွား
တာကို ယနေ့ထုတ် မြန်မာအလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ဖုန်းလိုင်းတွေ ချထားပေးဖို့ ဆက်သွယ်ရေး တာဝါတိုင်တွေ လုံလောက်မှု
မရှိသေးဘူးလို့တော့ သူက ပြော ထားပါတယ်။
"ရန်ကုန်နဲ့ မန္တလေးမှာ တော်တော်လေး ကြိုးစ
ားရမယ်။ မြို့ပေါ်တွေမှာနေ
ရာသစ်မရရင် စခန်းတိုးချဲ့လို့ မရဘူး" လို့ သူက
ဆိုထားပါတယ်။
ဒါကြောင့် စခန်းတွေလည်း ထပ်ချဲ့ပြီး လိုအပ်
တာတွေလည်း ထပ်ဝယ်တဲ့
ကိစ္စတွေကို အထက်လူကြီးတွေ လည်း စီစဉ်ေ
နတဲ့အကြောင်း ဦးဌေးဝင်း
က ပြောသွားပါတယ်။
မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်ေ
နတယ်ဆိုတာကို သမ္မတဦးသိန်းစိန်က မတ်လ
၁ ရက်နေ့က ထုတ်လွှင့်တဲ့ သူ့ရဲ့
ရေဒီယိုမိန့်ခွန်းထဲမှာ ပြောသွားတာလေး အမှ
တ်ရမယ် ထင်ပါ
တယ်။
"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး
အခြေခံ အဆောက်အအုံ
များကို အခြေခံပြီး တိုးချဲ့ပေးနိုင် မယ့် မိုလ်ဘိုင်
းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတ
စ်ရပ်နဲ့ လာမည့် ဧပြီလအတွင်း မှာ ရောင်းချ
ပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတ
ယ်" လို့ သမ္မတက ဆိုထားတာပါ။
မိုဘိုင်းဖုန်း ဆင်မ်ကတ်တွေ ဈေးချိုချိုနဲ့ ရောင်း
ချပေးမယ်ဆိုလို့ ဖုန်း ဟမ်းဆက် ဈေးတွေလည်
း ရိုက်ခတ်မှု ရှိတယ်လို့ ဆိုကြပါတယ်။
လူအများကတော့ တန်ဘိုးနည်း မိုဘိုင်းဖုန်း
အတွက် ကင်မ်ပိန်းတွေ
လုပ်ပြီး တောင်းဆိုခဲ့ကြရင်း မျှော်လင့် စောင့်စားနေကြတယ်ဆို
တာကတော့ သေချာပါတယ်။
အိမ့်သံစဉ်
ဧရာဝတီ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post