မြင်းခြံမှ ငြိမ်းချမ်းရေးလမ်းလျှောက် အဖွဲ့ လိုင်ဇာသို့ ရောက်ရှိ

ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် မန္တလေးတိုင်း
မြင်းခြံမြို့ကနေ လမ်းလျှောက်တဲ့သူ ၅၅ ဦးပါဝင်တဲ့ ငြိမ်းချမ်းရေး
လမ်းလျှောက်ချီတက်သူတွေဟာ ဒီနေ့ နေ့လည် ၂ နာရီလောက်မှာ
တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်
အနီးက လိုင်ဇာမြို့ကို ရောက်ရှိခဲ့ပါတယ်။

မြင်းခြံမြို့ ကနေ လမ်းလျှောက်လာသော အဖွဲ့တွင် အမျိုးသမီး ၁၁ ယောက် ၊ သံဃာတော် ၉ ပါး အပါအဝင်စုစုပေါင်း ၅၅ ဦး ပါဝင်ကာ ကိုသန့်စင် က
ဦးဆောင်ပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကတည်းက မြင်းခြံမြို့ ကနေ စတင်
လမ်းလျှောက်လာတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီးက မိုးလဲချောင်းတံတားမှာ
ကေအိုင်အေမှ ထောင်ထားတဲ့ မိုင်းတွေနဲ မြှုပ်နှံထားတဲ့ မြေမြုပ်မိုင်း
တွေကို မြန်မာ့တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်းဖော်ထုတ်ပေးခဲ့ပြီး
လမ်းလျှောက်အဖွဲ့ကို ကူညီပေးခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ကိုသန့်စင်မှ
ပြောကြားခဲ့သည်။

အလားတူ ကိုရန်နိုင်ထွန်းဦးဆောင်တဲ့ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ ဟာ မတ် ၁၁ရက်နေ့နဲ့ ၁၂ ရက်နေ့တွေက
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိနေပြီး မြစ်ကြီးနားမြို့
ဒေသခံလူထုများမှ လှိုက်လဲဝမ်းမြောက်စွာ ကြိုဆိုကြခဲ့ကာ အလှူငွေများ
ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။
Myanmar Online News

မြင်းခြံမှ ငြိမ်းချမ်းရေးလမ်းလျှောက် အဖွဲ့ လိုင်ဇာသို့ ရောက်ရှိ
Wednesday, March 13, 2013

ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် မန္တလေးတိုင်း
မြင်းခြံမြို့ကနေ လမ်းလျှောက်တဲ့သူ ၅၅ ဦးပါဝင်တဲ့ ငြိမ်းချမ်းရေး 
လမ်းလျှောက်ချီတက်သူတွေဟာ ဒီနေ့ နေ့လည် ၂ နာရီလောက်မှာ 
တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်
အနီးက လိုင်ဇာမြို့ကို ရောက်ရှိခဲ့ပါတယ်။ 

မြင်းခြံမြို့ ကနေ လမ်းလျှောက်လာသော အဖွဲ့တွင်  အမျိုးသမီး ၁၁ ယောက် ၊ သံဃာတော် ၉ ပါး အပါအဝင်စုစုပေါင်း  ၅၅ ဦး ပါဝင်ကာ   ကိုသန့်စင် က
ဦးဆောင်ပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကတည်းက မြင်းခြံမြို့ ကနေ စတင် 
လမ်းလျှောက်လာတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီးက မိုးလဲချောင်းတံတားမှာ
ကေအိုင်အေမှ ထောင်ထားတဲ့ မိုင်းတွေနဲ  မြှုပ်နှံထားတဲ့ မြေမြုပ်မိုင်း
တွေကို မြန်မာ့တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်းဖော်ထုတ်ပေးခဲ့ပြီး
လမ်းလျှောက်အဖွဲ့ကို ကူညီပေးခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ကိုသန့်စင်မှ
ပြောကြားခဲ့သည်။

အလားတူ ကိုရန်နိုင်ထွန်းဦးဆောင်တဲ့ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ ဟာ မတ် ၁၁ရက်နေ့နဲ့ ၁၂ ရက်နေ့တွေက 
ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ ကို ရောက်ရှိနေပြီး မြစ်ကြီးနားမြို့
ဒေသခံလူထုများမှ လှိုက်လဲဝမ်းမြောက်စွာ ကြိုဆိုကြခဲ့ကာ အလှူငွေများ
ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။

ဓာတ်ပုံ - ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာအထိ လမ်းလျှောက် ချီတက်လာကြသူများကို မြစ်ကြီးနား ဒေသခံများက ၂၀၁၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က ကြိုဆိုနေကြစဉ်။ ( မဇ္ဈိမ) 

ငယ်ငယ်

SHARE THIS
Previous Post
Next Post