Tuesday, 05 March 2013
ခရီးစဉ် အစ အဆုံး လေအေးပေးစက် ဖွင့်ပြီး ခ၇ီးသည်တွေကို လိုရာခရီးရောက်အောင် ပို့ဆောင်ပေးမယ့်မီတာစနစ်နဲ့ မောင်းနှင်တဲ့ ယာဉ်လိုင်းသစ်တစ်ခု မန္တလေးမှာ ပေါ်ပေါက်လာပါပြီ။
မန္တလေးဂုဏ်ကုမ္ပဏီလီမိတက် က စတင်ပြေးဆွဲတဲ့ ဂျာမဏီနိုင်ငံထုတ် Vauxhall Astra ယာဉ်ငယ်ဆယ်စီးနဲ့ မြို့တွင်းမြို့ပြင် သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းကို စတင်လုပ်ကိုင်လာတာပါ။
မန္တလေးမြို့ ၅၈လမ်း၊ ၂၂x၂၃ လမ်းကြား အောင်မြေသာစံမြို့နယ် ၊
ရုံး -၉၄(န-၁) မှာ မန္တလေး ဂုဏ် ကုမ္ပဏီလီမိတက် ကနေ တက္ကစီ ယာဉ်လိုင်းသစ်ကို ဒီနေ့ နံနက် ဆယ်နာရီအချိန်တွင် ဖွင့်လှစ်လိုက်တာဖြစ်ပြီး ဆက်ဆွယ်ငှားရမ်းမယ်ဆိုရင်လည်း ၀၉-၆၅၀၄၂၅၇။ ၀၉-၇၃၂၄၁၂၃၀။ ၀၂-၇၃၃၇၇ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
မန္တလေးခေတ်
