အနောက်ဘက် ကမ်းခြေဒေသရှိ အခြေချ နေထိုင်သူ များကို ထွက်ခွာပေးရန် ကုလ တောင်းဆို

အစ္စရေးတို့ သိမ်းပိုက်ထားသော အနောက်ဘက် ကမ်းခြေဒေသမှ အခြေချ နေထိုင်သူများ အားလုံးကို ၎င်းဒေသများမှ ထွက်ခွာပေး ရန်နှင့် အခြေချ အိမ်ရာ တည်ဆောက်မှု အစီအစဉ် များကြောင့် ထိခိုက်နစ်နာ ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား များကို လည်း လျော်ကြေးပေးရန် အစ္စရေး အစိုးရအား ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တိုက်တွန်း ပြောကြားခဲ့သည်။

အနောက်ဘက် ကမ်းခြေ ဒေသတွင် အခြေချ အိမ်ရာတည်ဆောက်မှုနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေး ချိုးဖောက်မှုကို အဆုံးသတ် ရန် အစ္စရေး အစိုးရအား ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တောင်းဆို ခဲ့ကြောင်း DPA သတင်း ဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပါလက်စတိုင်း နိုင်ငံသားများကို ဆန့်ကျင်သည့် အကြမ်းဖက်မှုများ ကိုလည်း ရပ်တန့်ရန် အစ္စရေး အစိုးရအား တောင်းဆို ခဲ့သည်။ ဂျနီဗာ မြို့တွင်မတ် ၂၂ ရက်က ပြုလုပ်သော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆွေးနွေးပွဲတွင် ပါလက်စတိုင်း တို့အား အစ္စရေးတို့၏ တစ်ဖက်သတ် ဖမ်းဆီးမှုနှင့် ပတ်သက်၍ ပြစ်တင် ဝေဖန်ခဲ့သည်။

အစ္စရေးတို့သည် အနောက်ဘက် ကမ်းခြေဒေသနှင့် အရှေ့ ဂျေရုဆလင် တို့ကို ၁၉၆၇ ခုနှစ်တွင် သိမ်းယူ ခဲ့ပြီး ထိုအချိန်မှစ၍ ၎င်းဒေသ များတွင် အခြေချအိမ်ရာ ထောင်ပေါင်း များစွာကို တည်ဆောက်ခဲ့သည်။

http://bit.ly/16QRtD0

SHARE THIS
Previous Post
Next Post