နေပြည်တော် ဖိတ်ခေါ် လက်သိုင်းပြိုင်ပွဲ ကျင်းပ

၂ဝ၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်များ ပိုင်ဆိုင်ရန်နှင့် နိုင်ငံဂုဏ်ကို မြှင့်တင် ပေးနိုင်ရန် ပြင်းပြင်းထန်ထန် လေ့ကျင့် ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ လေ့ကျင့် လျက် ရှိရာတွင် ပန်ကြပ်ဆီလတ် ပြိုင်ပွဲကို ယမန်နေ့က နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ပိုက်ကျော်ခြင်း အားကစားရုံတွင် မြန်မာနိုင်ငံ အပါအဝင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ အားကစားသမား များကို ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။

ထိုဖိတ်ခေါ် လက်သိုင်း ပြိုင်ပွဲတွင် အမျိုးသား ၅ဝ-၅၅ kg Quarter Finalပြိုင်ပွဲတွင် မြန်မာB မှ Sanhtoo က အင်ဒိုနီးရှားမ Sahripal Ependi ကိုအနိုင်ရရှိပြီး၊ SEMI FINAL ပွဲစဉ် ၄၅-၅ဝ kg အမျိုးသား ပြိုင်ပွဲတွင် မလေးရှားမှ Mohd.Fikry အား မြန်မာမှ ဇေယျာက အနိုင်ရရှိ၊ မြန်မာမှ အေးဝင်းလှိုင်က ထိုင်းနိုင်ငံမှ Adlsorn Samya အား ၄-၁ ဖြင့် လည်းကောင်း၊ ၅ဝ-၅၅ kgပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှ Arifa Dama အား မြန်မာနိုင်ငံမှ နိုင်လင်းက ၄-၁ ဖြင့်လည်းကောင်း၊ ၆ဝ-၆၅ kg ပြိုင်ပွဲတွင် အင်ဒိုနီးရှား နိုင်ငံမှ Ryan Sazall ကမြန်မာနိုင်ငံမှ ထွန်းထွန်းအေးအား ၅-ဝဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံမှ ကျော်နိုင်ထွန်းက မလေး ရှားနိုင်ငံမှ Muhd.Salful Syazwan အား ၅-ဝ ဖြင့်လည်းကောင်း၊ ၆၅-၇ဝ kg ပြိုင်ပွဲတွင် မလေးရှားနိုင်ငံမှ Mohd Al Jrfferi က မြန်မာနိုင်ငံမှ ဝင်းကျော်ဇင်အား ၅-ဝ ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားမှ Sapto
Purnomo က မြန်မာနိုင်ငံမှ ကျော်စွာဝင်းအား ၅-ဝ ဖြင့်လည်းကောင်း ရမှတ် အသီးသီးတို့ဖြင့် ယှဉ်ပြိုင် ကစားကြကြောင်း သတင်းရရှိသည်။

http://bit.ly/14kNeQs

SHARE THIS
Previous Post
Next Post