ရွှေတိဂုံ စေတီတော် နှစ်(၂၆ဝဝ)ပြည့် အထိမ်းအမှတ် အဖြစ် တည်ဆောက်သည့် အနောက်ဘက် မုခ်ဦး၊ စက်လှေကားနှင့် ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲ အခမ်းအနားများ ကျင်းပ


ရန်ကုန်    မတ်   ၁၇
ရွှေတိဂုံ စေတီတော် နှစ် (၂၆ဝဝ)ပြည့် အထိမ်းအမှတ် အဖြစ် တည်ဆောက်သည့် အနောက်ဘက် မုခ်ဦးနှင့် အသစ် လဲလှယ် တပ်ဆင်ထားသော အနောက်ဘက်မုခ် စက်လှေကား ဖွင့်ပွဲ အခမ်းအနားကို ရွှေတိဂုံ စေတီတော် အနောက်ဘက် မုခ်ဦး ဆောင်ရှေ့၌ ယနေ့နံနက် ၇ နာရီတွင် ကျင်းပရာ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးများ၊ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင် များ၊ အလှူရှင်များနှင့် စေတီတော် ဝတ်အသင်းများမှ အသင်းသား၊ အသင်းသူများ တက်ရောက် ကြည်ညို ကြသည်။
အခမ်းအနားတွင် ရွှေတိဂုံ စေတီတော် နှစ် (၂၆ဝဝ)ပြည့် အထိမ်းအမှတ် အဖြစ် ဆောက်လုပ်ခဲ့သော အနောက် ဘက်မုခ်ဦးကို ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်နှင့် တာဝန်ရှိသူ တို့က ဖဲကြိုးဖြတ် ၍ ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္သကရိုက် လေးဘာသာဖြင့် ရေးထိုးထားသော အနောက်ဘက် မုခ်ဦး ကမ္ပည်း ကျောက်စာတိုင်အား အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်း ပေးကြ ပြီး ပြည်ထောင်စု ဝန်ကြီးသည်   ရွှေတိဂုံ စေတီတော် အနောက်ဘက် စောင်းတန်းရှိ အသစ် လဲလှယ် တပ်ဆင်ထားသော စက်လှေကားအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။
ဆက်လက်၍ ရွှေတိဂုံ စေတီတော် (၂၆ဝ၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲကို စေတီတော် ရင်ပြင် ရာဟု ထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပရာ အခမ်းအနားတွင် ရွှေတိဂုံ စေ တီတော် သြဝါဒါစရိယ ဆရာတော် ကြီးများနှင့် ဂေါပက အဖွဲ့ဝင်များက မြတ်ဗုဒ္ဓအား ပူဇော်သော အားဖြင့် ဆီမီးထွန်းညှိ ပူဇော် ပေးကြပြီး ရွှေတိဂုံ စေတီတော် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကို ဖွင့်လှစ် ပေးကြသည်။
အဆိုပါ ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကို ယနေ့မှ စ၍ တပေါင်း လပြည့်နေ့ မတ် ၂၆ ရက်အထိ  ၁ဝ ရက်တိုင် တိုင် ဘာသာရေး ထုံးတမ်းစဉ်လာနှင့် အညီ စည်ကား သိုက်မြိုက်စွာ ကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

SHARE THIS
Previous Post
Next Post