အာရက္ခဖောင်ဒေးရှင်းမှကြီးမှူးပြုလုပ်သည့်ရခို
င်အမျိုးသမီးခေါင်းဆောင်များအရည်အသွေးမြှ
င့်သင်တန်းဆင်းပွဲအခမ်းအနားတစ်ရပ်ကို ရန်
ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ အာရက္ခရုံး၌ မတ်
လ ၂၅ ရက်နေ့ မနက် ၉း၃၀နာရီတွင် ကျင်းပခဲ့
ကြောင်း သိရသည်။
လူငယ်ခေါင်းဆောင်များအရည်အသွေးမြှင့်သ
င်တန်းများကို ၂၀၁၂အောက်တိုဘာတွင် တစ်ြ
ကိမ်နှင့် ၂၀၁၃ ဖေဖော်ဝါရီတွင် တစ်ကြိမ် ဖွင့်
လှစ်ပေးခဲ့ပြီး၊ ယခုတတိယအကြိမ်တွင် ရခိုင်
အမျိုးသမီးသီးသန့် သင်တန်း ပေးခဲ့ခြင်း ဖြစ်
သည်။
အခမ်းအနား၌ဖောင်ဒေးရှင်း၏ နာယက ဦးေ
အးသာအောင်၊ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖ
ွဲ့မှ ဒေါ်စောခင်တင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊
အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်မေအောင်တို့က
ရခိုင်သမိုင်းနှင့်ရခိုင်အမျိုးသမီးများ အခန်းက
ဏ္ဍကို ဟောပြောဆွေးနွေးခဲ့ကြသည်။
သင်တန်းကို မတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ
့အထိပြုလုပ်၍ ရခိုင်ပြည်နယ် ၁၇မြို့နယ်နှင့်ဧရ
ာဝတီတိုင်း အမာမြို့နယ်တို့မှ သင်တန်းသား၂၁
ဦးတက်ရောက်ခဲ့ကြပြီး၊ စာရေးဆရာမ ဂျူး၊ နို
င်င့ကျော်ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်
ဆွေဇင်ထိုက် တို့အပါအ၀င် တိုင်းရင်းသား သ
င်တန်း ဆရာ၊ ဆရာမ ၁၀ ဦးက သင်ကြားပြ
သ ပေးခဲ့ကြသည်။
“ရခိုင်အမျိုးသမီးတွေနိုင်ငံရေးမှာ ယခုထက်ပို၍
ပါဝင်လာစေရန်ရည်ရွယ်လျက် လူငယ်နှင့်အမျိုး
သမီး ခေါင်းဆောင်များအရည်အသွေးမြှင့်သင်
တန်းများကို စဉ်ဆက်မပြတ် ပြုလုပ်နေခြင်းဖြ
စ်ပြီး၊ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင်းမှာ
လည်း ဆက်လက်ပို့ချ ပေးသွားမည် ဖြစ်ကြော
င်း” ဦးအေးသာအောင်က ဆိုသည်။
သင်တန်းပို့ချချက်များတွင် အမျိုးသမီးများ မဖြစ်
မနေလုပ်ရဆောင်ကြရမည့် တာဝန်နှင့် ၀တ္တရ
ားများ၊ အမျိုးသမီး များနှင့် သက်ဆိုင်သည့် နိုင်ငံ
တကာ ဥပဒေများ၊ နိုငံတကာတွင်သတ်မှတ်ထ
ားသည့်အမျိုးသမီးအခွင့်အရေးများ၊ မီဒီယာ လု
ပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ ပါဝင်ကြေ
ာင်း သင်တန်းတာဝန်ခံဒေါ်ဆွေဇင်သင်းကရှင်း
ပြသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့အာရ
က္ခဖောင်ဒေးရှင်းမှအဖွဲ့ဝင်များ၊ ဖတ်ကြားထား
သည့်ဧည့်သည်များ၊ သတင်း ထောက် များ နှင့်
သင်တန်းသူများစုစုပေါင်း ၅၀ ကျော်တက်ရော
က်ခဲ့ကြောင်းသိရသည်။
အာရက္ခဖောင်ဒေးရှင်းကို လူငယ်များ၏ အရည်
အသွေးမြှင့်တင်ရေး၊ဆင်းရဲနွမ်းပါးလူငယ်များ
အား ပညာသင် စရိတ်ထောက်ပံ့ရေး၊ မိဘမဲ့က
လေး များပြုစု စောင့်ရှောက်ရေး၊ ဘေးအန္တရာ
ယ်ကျရောက်ရာ ဒေသများသို့ ထောက်ပံ့လှူဒါန်း
ရေး တို့ကို လုပ်ဆောင်ရန် ရည်ရွယ်လျက်၂၀၁၂
ခုနှစ်တွင် ပြည်တွင်းပြည်ပရခိုင်များဖြင့် စတင်
ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ရခိုင်အမျိုးသမီးခေါင်းဆောင်များအရည်အ သွေးမြှင့်သင်တန်းဆင်းပွဲပြုလုပ်
Published with Blogger-droid v2.0.10