ယနေ့နံနက် ၉ နာရီခွဲတွင် အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ် လီမိတက်
(ဆူးလေဘဏ်ခွဲ) ဖွင့်ပွဲ အခမ်းအနားကို ပန်းဘဲတန်း မြို့နယ် ဆူးလေ
ဘုရားလမ်းရှိ အဆိုပါဘဏ် အဆောက်အအုံရှေ့၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး
ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ထူးကုမ္ပဏီများ အုပ်စု
ဥက္ကဋ္ဌ ဦးတေဇ၊ အာရှ စိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် လီမိတက် ဥက္ကဋ္ဌနှင့်
တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက် ကြသည်။
ရှေးဦးစွာ
တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်နှင့်
တာဝန်ရှိသူ တို့က ဆူးလေ ဘဏ်ခွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆူးလေဘဏ်ခွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ ဘဏ်အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။
အာရှ စိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် လီမိတက် အနေဖြင့် ယနေ့ ဖွင့်လှစ်သည့် ဆူးလေဘဏ်ခွဲ အပါအဝင် ဘဏ်ခွဲပေါင်း ၂၉ ခု ဖွင့်လှစ် ထားကြောင်း သတင်း ရရှိသည်။
မြ၀တီ