စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ တိုင်းဒေသကြီး တရားလွှတ်တော်၌ ယမန်နေ့
နံနက် ၉ နာရီက တိုင်း ဒေသကြီးအတွင်း ဖွဲ့စည်းထားသော တရားရုံး
အဆင့်ဆင့်တွင် တရားစီရင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော
တရားသူကြီးများနှင့် တရားရေး အရာရှိများသည်
တရား စီရင်ရေး မဏ္ဍိုင် တည့်မတ် ခိုင်မာပြီး ပြည်သူများ ယုံကြည်ကိုးစားသော တရားစီရင်ရေး စနစ် ဖြစ်ပေါ်ရေး အတွက် တိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစန်းကို၊ တရားလွှတ်တော် တရားသူကြီး ဦးဝင်းမြင့် တို့၏ ရှေ့မှောက်တွင် တရားသူကြီးများ၊ တရားရေး အရာရှိများက ဒုတိယ အကြိမ် ကျမ်းသစ္စာ ဆိုပွဲ ကျင်းပခဲ့ သည်။
အဆိုပါ ကျမ်းသစ္စာ ဆိုပွဲတွင် လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦး၊ မြို့နယ်အဆင့် တရားသူကြီး ၁၇ ဦး နှင့် ဒုတိယ ဦးစီးမှူး နှစ်ဦး စုစုပေါင်း ၂ဝ ဦးတို့ တက်ရောက်ခဲ့သည်။
ကျမ်းသစ္စာ ဆိုပွဲကို ပထမအကြိမ် အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်မှ ဒုတိယ ညွှန်ကြားရေးမှူး နှစ်ဦး၊ မြို့နယ်အဆင့် တရားသူကြီး ၅၁ ဦးနှင့် တရားရေး အရာရှိ ၁ဝ ဦး စုစုပေါင်း ၆၃ ဦး ဖြင့် ကျင်းပခဲ့ပြီး ကျန်ရှိသော ၂ဝ ဦးအား ယခုကဲ့သို့ ဒုတိယ အကြိမ် ကျမ်းသစ္စာ ဆိုပွဲအဖြစ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။