ဖုန်းဆင်းကဒ်တွေ နှစ်ထောင်နှင့်ရောင်းတော့မည်

မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကဒ်ဖုန်းများကို ဧပြီလ၁ရက်နေ့ စတင်ကာ ရောင်းချပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

GSM ဆင်းကဒ်ကို ကျပ်နှစ်ထောင်နှင့်လည်ကောင်း၊ WCDMA ကျပ် ငါးထောင်နှင့် လည်ကောင်း ရောင်းချပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အတွင်းသတင်းရရှိထားခြင်း ဖြစ်သည်။

ပုဂ္ဂလိက ဖုန်းဆိုင်များတွင် ယခုလ ၂၇ရက်နေ့ စတင်ကာဖြန့်ဝေ သွားမည် ဖြစ်သည်။

ယင်းအတွက်ကြောင့် ပြည်တွင်း ဟန်းဆက်ဈေးကွက် မှာ ဈေးတက်လျှက် ရှိနေသည်။

သတင်း - မန်းသားလေး / ဧရာဝတီ

SHARE THIS
Previous Post
Next Post