ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ငါးပုစွန်များဝယ်ယူရာ၌ ပုဏ္ဏားကျွန်းငါးလုပ်ငန်းဦးစီးဌာနမှ နှောင့်ယှက်မှုများရှိနေသည့်အတွ က် ငါးပုစွန်ဝယ်ယူသို့အခက်တွေ့နေရေ ကြာင်း သိရသည်။
ပုဏ္ဏားကျွန်းငါးလုပ်ငန်းဦးစီးဌာနသည် ငါးပုစွန်ဝယ်ယူရောင်းချခွင့်လိုင်စင်ကို
ကျောက်တော်မြို့နယ် အထိတာဝန်ယူထားရသည့်အတွက် ယင်းဌာနမှ ဒု-ဦးစီး
ဦးမောင်ဆန်းဝင်းသည် ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် ကျောက်တော်မြို့နယ်အတွင်း
ငါးပုစွန်ဝယ်ယူသူတစ်ချို့အား ငါးပုစွန်များမရောင်းချရေးအတွက် ငါးဖမ်းလုပ် သားများကို အဓမ္မခြိမ်းခြောက်မှုများရှိလာနေ ကြောင်း သိရသည်။ ယင်းဒေသတစ်ဝိုက်ရှိ ငါးပုစွန်ဝယ်ယူ သူတစ်ချို့မှာ စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံှးမှ ငါးပုစွန်ဝယ်ယူခွင့်လက်မှတ်ရရှိ ကိုင်ဆောင်ထားကြသော် ယခုကဲ့သို့ မြို့နယ်အဆင့်မှ ခြိမ်းခြောက်နေခြင်းကိုခံနေကြရေ ကြာင်း သိရသည်။ ယင်းဒေသအတွင်းရှိ ပုဏ္ဏား ကျွန်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးပုစွန်ဝယ်ယူခွင့်လိုင်စင်များရယူထားကြသူများကိုမူ ယခုကဲ့သို့နှောင့်ယှက် ခြင်းများပြုလုပ်ခြင်းမရှိကြောင်းလည်း သိရသည်။
“ခုလိုမျိုး ကျွန်တော်တို့ကိုနှောင့်ယှက်နေတာ
ပုဏ္ဏားကျွန်းမှာတာဝန်ကျနေတဲ့ ငါးလုပ်ငန်းဦးစီးဌာနက ဒု-ဦးစီး
ဦးမောင်ဆန်းဝင်းဖြစ်ပါတယ်။ ကျွန်တော့်ရှေ့မှာဆို ဘာမှမပြောဘူး။
ကွယ်ရာမှာဆိုရင် ကျွန်တော့် ကိုပုစွန်ရောင်းတဲ့သူဆိုရင်
ဖမ်းမယ်ဆီးမယ်ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ကန်စောက်
ရဲစခန်းကိုလည်းသွားရောက်တန်းပြီးပါပြီ။ အဲဒီကလည်း အဆင်ပြေအောင်လုပ်ပေးမယ်လို့တော့ ပြောတာပါပဲ။ ဒါပေမယ့် ခုထိ ဘာမှထူးခြားမလာသေးပါဘူး။ ခဏလောက်တော့ထပ်စောင့်လိုက်ပါဦး မယ်။ ဒီထက်ထူးခြားမ လာရင်တော့ ကျွန်တော့်အနေနဲ့ နေပြည်တော်မှာရှိတဲ့ သမ္မတအထိတိုင်တန်းဖို့ဆုံးဖြတ်ထားပါတယ်”ဟု ယိုး ချောင်းအတွင်း ငါးပုစွန်ဝယ်ယူရာတွင်အခက်တွေ့နေ သူ ပုဏ္ဏားကျွန်းမြို့နယ်၊ မြတ်လှဲ့ကားဂိတ်မှ ရွှေပြည်သစ် ကားဂိတ်မှူးဦးထွန်းသိန်းကပြောသ ည်။
ဦးထွန်းသိန်းမှာ စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူးကိုယ်တိုင်လက်မှတ်ထိုး၍ ငါးပုစွန် ရောင်းဝယ်ခွင့်လိုင်စင်ကိုရရှိထားသူတစ်ဦးဖြစ်သည်။
“အဲဒီမောင်ဆန်းဝင်းဟာ အောက်မြတ်လှဲ့ကပိုက်သမားများကို ခေါ်ယူပြီး
ကျွန်တော့်ကိုပုစွန်ရောင်းရင် ဖမ်းမယ်လို့ခြိမ်းခြောက်တယ်။ ပိုက်သမားတွေက
ထွန်းသိန်းကို ခရိုင်ရုံးကနေ ငါးပုစွန်ဝယ်ယူခွင့်လက်မှတ်
ပေးထားတာပဲလို့ပြောပေမယ့် သူက အဲလိုပေးထားတာမှန်ပေမယ့်လည်း
သူ့ကိုငါးပုစွန်ရောင်းခွင့်မရှိ ဘူး။ ယိုးချောင်းတစ်ခွင်ကိုအပိုင်ဝယ် ထားတဲ့သူကိုပဲ
ရောင်းရမယ်လို့ သူက အဲလိုပြောတယ်။ ဒါဟာ နှစ်ကုန်ဆဲဆဲမှာ
သူ့အနေနဲ့အခွန်မရလို့ ဒီလိုလုပ်နေတာလို့ ကျွန်တော်မြင်တယ်။ အခုအချိန်က
လွတ်လပ်စွာဝယ်ယူခွင့်၊ လွတ်လပ်စွာရောင်းချခွင့်။ ပြည်တွင်းပြည်ပသို့
စိတ်ကြိုက်ပို့လို့ရတဲ့အချိန်မှာ တစ်ခုမှပြဿနာရှာနေစရာ မလိုဘူး”ဟု ဦးထွန်းသိန်းက ဆက်လက်ပြောသည်။
အဆိုပါဒု-ဦးစီးဦးမောင်ဆန်းဝင်းမှာ ပုစွန်လုယက်မှုဖြင့် အမှုတစ်ခါဖွင့်ခြင်းခံထားရသူ လည်းဖြစ်သည်။
ဆြာကု
ပုဏ္ဏားကျွန်းငါးလုပ်ငန်းဦးစီးဌ
“ခုလိုမျိုး ကျွန်တော်တို့ကိုနှောင့်ယှက်နေတ
ဦးထွန်းသိန်းမှာ စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးဌ
“အဲဒီမောင်ဆန်းဝင်းဟာ အောက်မြတ်လှဲ့ကပိုက်သမားများကို
အဆိုပါဒု-ဦးစီးဦးမောင်ဆန်းဝင်
ဆြာကု