ရခိုင်နိုင်ငံရေး ပါတီ(၂)ခုဖြစ်သော ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ(RNDP)နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီတို့
ပေါင်းစည်းမည်ဆိုပါက ရခိုင်ပြည်သူများအတွက် ပို၍အကျိုးရှိမည်ဖြစ်ကြောင်းကို ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ်
နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းမှ ရခိုင်ပြည်နယ် စစ်တွေမြို့ ဝံလက်ဖောင်ဒေးရှင်းရုံးတွင်ပြုလုပ်သည့်
တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသား
ရေးဝန်ကြီး ဦးဇော်အေးမောင် တို့သည် မတ်လ (၁၅) ရက်နေ့ နံနက်(၉)နာရီတွင် စစ်တွေသို့ ရောက်ရှိခဲ့ပြီး ညနေ (၃)နာရီအချိန်အတွင် စစ်တွေမြို့ ဝံလက်ဖောင်ဒေးရှင်းရုံးတွင်ပြုလုပ်သည့် တွေ့ဆုံးပွဲတွင် ပါတီနှစ်ခု ပေါင်းစည်းဖို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
" အခုအခါမှာ ပါတီနှစ်ရပ် စည်းရုံးဖို့လိုအပ်ပါတယ်။ အခုကပါတီနှစ်ခု ကွဲနေကြတယ်။ အားလုံးနေရာမှာ တစုတစည်းတည်းဖြစ်ဖို့လိုအပ်တယ်။ ပါတီနှစ်ခု အမြန်ဆုံးပေါင်းစည်းပြီး အတူတကွလုပ်ဆောင်မယ်ဆိုရင် ရခိုင်ပြည်သူတွေအတွက် ပိုပြီးအကျိုးရှိမှာပါ။ " ဟု ဒေါက်တာအေးချမ်းက
တွေ့ဆုံပွဲ၌ ထောက်ပြပြောဆိုခဲ့သည်။
ထိုတွေ့ဆုံရာတွင် သမိုင်းသုတေသီ ဆရာတော်အရှင် စက္ကိန္ဒ၊ သမိုင်းသုတေသီ ဆရာအောင်လှသိန်း၊ ရက္ခိတမျိုးစောင့်ဆုရှင်
သမိုင်းဆရာ ဦးမောင်ဗသိန်းနှင့် စာရေးဆရာများ၊ ၀ံလက်မှ ဒါရိုက်တာအဖွဲ့ဝင်များ၊ ကျောင်းသား လူငယ်များ၊ အဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများနှင့် အကြိုတွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဒေါက်တာအေးချမ်းက နိုင်ငံခြား၌ သူ၏တွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို ပြောကြားခဲ့ပြီး ၀ံလက်မှ အဖွဲ့ဝင်များနှင့် ရုံးတွင်စာသင်နေသော ကျောင်းသားလူငယ်များကိုပါ ရခိုင်ပြည်အတွက် အနာဂတ်မျိုးဆက်ကောင်းဖြစ်စေရန် ဆုံးမသြဒစကားကိုလည်း ပြောကြားခဲ့ကြောင်း ၀ံလက်မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုဇော်ဇော်ထွန်းက ပြောသည်။
ဒေါက်တာအေးချမ်းမှာ (၃)နာရီကြ တွေ့ဆုံဆွေးနွေးခဲ့ပြီး ညနေ (၆)နာရီကျော်မှ ပြီးဆုံးသွားကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်သူများက သမိုင်းသုတေသီ
ဒေါက်တာအေးချမ်းအား "ရက္ခ၀ံသ ရက္ခိတ" ဆုကို ပေးအပ်ရန် တရားဝင်ပြောကြားလိုက်ပြီး ၄င်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လည် (၁)နာရီတွင် စစ်တွေ ဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Myanmar Online News
တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသား
ရေးဝန်ကြီး ဦးဇော်အေးမောင် တို့သည် မတ်လ (၁၅) ရက်နေ့ နံနက်(၉)နာရီတွင် စစ်တွေသို့ ရောက်ရှိခဲ့ပြီး ညနေ (၃)နာရီအချိန်အတွင် စစ်တွေမြို့ ဝံလက်ဖောင်ဒေးရှင်းရုံးတွင်ပြုလ
" အခုအခါမှာ ပါတီနှစ်ရပ် စည်းရုံးဖို့လိုအပ်ပါတယ်။ အခုကပါတီနှစ်ခု ကွဲနေကြတယ်။ အားလုံးနေရာမှာ တစုတစည်းတည်းဖြစ်ဖို့လိုအပ်တယ်။
တွေ့ဆုံပွဲ၌ ထောက်ပြပြောဆိုခဲ့သည်။
ထိုတွေ့ဆုံရာတွင် သမိုင်းသုတေသီ ဆရာတော်အရှင် စက္ကိန္ဒ၊ သမိုင်းသုတေသီ ဆရာအောင်လှသိန်း၊ ရက္ခိတမျိုးစောင့်ဆုရှင်
သမိုင်းဆရာ ဦးမောင်ဗသိန်းနှင့် စာရေးဆရာများ၊ ၀ံလက်မှ ဒါရိုက်တာအဖွဲ့ဝင်များ၊ ကျောင်းသား လူငယ်များ၊ အဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများနှင့် အကြိုတွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်