"လက်ပံတောင်းတောင်ဒေသခံတွေအနေနဲ့ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းပေးဖို့နည်းမျိုးစုံနဲ့တောင်းဆိုခဲ့တယ်။ဒါပေမယ့် ဘာမှဖြစ်မလာတဲ့ အတွက်ဒီတောင်တွေပျက်စီးဆုံးရှုံးသွားမှာစိုးလို့ဒေသခံတွေဟာသူတို့
ပိုင်ဆိုင်တဲ့ တောင်တွေကို ပြန်ပြီးသိမ်းယူလိုက်တာပါ။ ကျွန်တော်တို့
လိပ်ခွံ တောင်နဲ့ အင်ကြင်းတောင်မှာသပိတ်စခန်းတွေ ထပ်မံ ဖွင့်ထားပါတယ်။"
လက်ပံတောင်းတောင်ပြည်သူ့အကျိုးစီးပွားကာကွယ် စောက်ရှောက်ရေး
ကော်မတီမှာ တာဝန်ခံကိုဟန်ဝင်းအောင်ကပြောကြားခဲ့ပါတယ်။
အခုလိုပုဒ်မ၁၄၄ထုတ်ပြန်ထားတဲ့တောင်နှစ်လုံးမှာသပိတ်စခန်းဖွင့်လှစ်ထားတာနဲ့ပတ်သက်ပြီးအုပ်ချုပ်ရေးမှုးဦးကျော်သောင်းနဲ့လုံထိန်းတပ်ဖွဲ့တွေဟာဒီနေ့မနက်မှာ လာရောက်ဖယ် ရှား ခိုင်းတယ်လို့ လည်း သိရပါတယ်။
ဒေသခံတွေအနေနဲ့သပိတ်စခန်းကိုဆက်လက်ဖွင့်လှစ်ထားပြီးလက်ပံတောင်းများကိုဆက်လက်ကာကွယ်သွားမယ်လို့ဆိုပါတယ်။