လိုင်ဇာသို့ တရုတ်နှင့်ကချင် စီးပွားရေးသမားများ အလုအယက် နေရာ ယူလာ


မတ်လ ၂၈ ရက်၊ ၂၀၁၃

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပွင့်လင်းရာသီချိန်ရောက်သည်နှင့် လူစည် ကားလာပြီး တရုတ်ကုန်သည် စီး ပွားရေး သမားများနှင့် ကချင်စီးပွားရေး သမား အယောက် (၂၀)ကျော် ခန့် နေ့စဉ် ၄င်းတို့လုပ်ငန်း အ တွက် နေရာ များကို လိုက်လံကြည့်ရှုရှာဖွေနေကြောင်း လိုင်ဇာမြို့ (Laiza Muklum) အုပ်ချုပ်ရေးမှူး ဦးဂ ရန်နော်အောန် (Kareng Naw Awn) ကပြောသည်။

“ဒီရက်ပိုင်းမှာလိုင်ဇာပြည်သူတွေကလည်း ကိုယ့်အိမ်ပြန်လာပြီး အရင် စီးပွားရေး အလုပ်လုပ်တဲ့သူကလုပ် တစ် ရက်ပြီး တစ်ရက် စည်စည်ကားကားပြန်ဖြစ်လာတယ်။ ပြီးတော့ စီးပွားရေးငွေရှင်တွေကလည်း သူ များတွေ ထက် ကိုယ်ဦးအောင်ဆိုပြီးအုပ်ချုပ်ရေးရုံးကိုလာကြတယ်” ဟု လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် (Kareng Naw Awn) က KNG ကချင်သတင်းဌာနသို့ပြောသည်။

အဆိုပါ ကချင်နှင့် တရုတ်စီးပွားရေးငွေရှင်ကြီးများက ငြိမ်းချမ်းရေးအသံများ ကြားနေရပြီးဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်နေသောကြောင့် မတ်လ(၁၁-၁၂) ရက်နေ့ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ပြီး ချိန်မှစ၍ တစ်နေ့ထက်တစ်နေ့ လိုင်ဇာမြို့အုပ်ချုပ်ရေးရုံးသို့ လာရောက်မေးမြန်း ကြောင်းကို လည်း သိရသည်။

၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် လိုင်ဇာမြို့တွင်းသို့အပြင်းအထန်စစ်ပွဲများဖြစ် ပွားခဲ့ရာ လိုင်ဇာပြည်သူ လူထု များနှင့် လိုင်ဇာသို့ လာရောက် ခိုလှုံ လုပ်ကိုင်စားသောက်နေသူများမှာ မိမိတို့လုံခြုံရာများသို့ တကွဲတပြား ထွက်ပြေး တိမ်းရှောင်နေခဲ့ရကြောင်းလည်း သိရသည်။

“အရင်လတွေမှာဆိုရင် ဘယ်သူမှမရှိတော့ဘူး။ ကျွန်တော်တို့လည်း တရုတ်ပြည်ဘက်ပြေးသွားရတယ်။ အ ခု မှ ငြိမ်းချမ်းရေးသံတွေ ကြားရလို့ စိတ်ချနိုင်လောက်ပြီဆိုမှ ဈေးဆိုင်ပြန်လာဖွင့်တယ်” လို့ ရှမ်းပြည် နယ် မှ အထည်ဆိုင်ဖွင့်နေသူ ဒေါ်အထွယ် ကပြောသည်။

ကချင်ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းများသည် တိုက်ပွဲကြောင့် ခေတ္တငြိမ်သက်သွားချိန်မှာ ယခု လအေ စာ ပိုင်းမှ သစ်လုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်းဖြစ်သည်

တဖက်တွင်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား တင်းမာမှုများ ဆက်လက်ရှိနေ ဆဲဖြစ်ပြီး ယခုနောက်ပိုင်းတိုက်ပွဲများသည် အစိုးရတပ်ဖက်ကမှ လူအင်အားဖြည့်၍ KIA နယ်မြေထဲသို့ တိုးချဲ့ လာသောေ ကြာင့် KIA မှစပစ်၍ ဖြစ်ပွားသောတိုက်ပွဲဖြစ်ကြောင်း KIA အထက်အရာရှိ များမှသိရ သည်။

ယခုချိန် လိုင်ဇာမြို့တွင်စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော်နှင့် ပြည်သူလူထု ၁၀၀၀၀ ကျော် ခိုလှုံလျက် ရှိ သည်။

KNG

လိုင်ဇာသို့ တရုတ်နှင့်ကချင် စီးပွားရေးသမားများ အလုအယက် နေရာ ယူလာ

မတ်လ ၂၈ ရက်၊ ၂၀၁၃

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပွင့်လင်းရာသီချိန်ရောက်သည်နှင့် လူစည် ကားလာပြီး တရုတ်ကုန်သည် စီး ပွားရေး သမားများနှင့် ကချင်စီးပွားရေး သမား အယောက် (၂၀)ကျော် ခန့် နေ့စဉ် ၄င်းတို့လုပ်ငန်း အ တွက် နေရာ များကို လိုက်လံကြည့်ရှုရှာဖွေနေကြောင်း လိုင်ဇာမြို့ (Laiza Muklum) အုပ်ချုပ်ရေးမှူး ဦးဂ ရန်နော်အောန် (Kareng Naw Awn) ကပြောသည်။

“ဒီရက်ပိုင်းမှာလိုင်ဇာပြည်သူတွေကလည်း ကိုယ့်အိမ်ပြန်လာပြီး အရင် စီးပွားရေး အလုပ်လုပ်တဲ့သူကလုပ် တစ် ရက်ပြီး တစ်ရက် စည်စည်ကားကားပြန်ဖြစ်လာတယ်။ ပြီးတော့ စီးပွားရေးငွေရှင်တွေကလည်း သူ များတွေ ထက် ကိုယ်ဦးအောင်ဆိုပြီးအုပ်ချုပ်ရေးရုံးကိုလာကြတယ်” ဟု လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် (Kareng Naw Awn) က KNG ကချင်သတင်းဌာနသို့ပြောသည်။

အဆိုပါ ကချင်နှင့် တရုတ်စီးပွားရေးငွေရှင်ကြီးများက ငြိမ်းချမ်းရေးအသံများ ကြားနေရပြီးဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်နေသောကြောင့် မတ်လ(၁၁-၁၂) ရက်နေ့ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ပြီး ချိန်မှစ၍ တစ်နေ့ထက်တစ်နေ့ လိုင်ဇာမြို့အုပ်ချုပ်ရေးရုံးသို့ လာရောက်မေးမြန်း ကြောင်းကို လည်း သိရသည်။

၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် လိုင်ဇာမြို့တွင်းသို့အပြင်းအထန်စစ်ပွဲများဖြစ် ပွားခဲ့ရာ လိုင်ဇာပြည်သူ လူထု များနှင့် လိုင်ဇာသို့ လာရောက် ခိုလှုံ လုပ်ကိုင်စားသောက်နေသူများမှာ မိမိတို့လုံခြုံရာများသို့ တကွဲတပြား ထွက်ပြေး တိမ်းရှောင်နေခဲ့ရကြောင်းလည်း သိရသည်။

“အရင်လတွေမှာဆိုရင် ဘယ်သူမှမရှိတော့ဘူး။ ကျွန်တော်တို့လည်း တရုတ်ပြည်ဘက်ပြေးသွားရတယ်။ အ ခု မှ ငြိမ်းချမ်းရေးသံတွေ ကြားရလို့ စိတ်ချနိုင်လောက်ပြီဆိုမှ ဈေးဆိုင်ပြန်လာဖွင့်တယ်” လို့ ရှမ်းပြည် နယ် မှ အထည်ဆိုင်ဖွင့်နေသူ ဒေါ်အထွယ် ကပြောသည်။

ကချင်ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းများသည် တိုက်ပွဲကြောင့် ခေတ္တငြိမ်သက်သွားချိန်မှာ ယခု လအေ စာ ပိုင်းမှ သစ်လုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်းဖြစ်သည်။

တဖက်တွင်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား တင်းမာမှုများ ဆက်လက်ရှိနေ ဆဲဖြစ်ပြီး ယခုနောက်ပိုင်းတိုက်ပွဲများသည် အစိုးရတပ်ဖက်ကမှ လူအင်အားဖြည့်၍ KIA နယ်မြေထဲသို့ တိုးချဲ့ လာသောေ ကြာင့် KIA မှစပစ်၍ ဖြစ်ပွားသောတိုက်ပွဲဖြစ်ကြောင်း KIA အထက်အရာရှိ များမှသိရ သည်။

ယခုချိန် လိုင်ဇာမြို့တွင်စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော်နှင့် ပြည်သူလူထု ၁၀၀၀၀ ကျော် ခိုလှုံလျက် ရှိ သည်။

KNG

SHARE THIS
Previous Post
Next Post