မိတ္ထီလာနဲ့ ၃၄ မိုင်ခန့်အကွာက ရမည်းသင်းမှာ မီးလောင်ကျွမ်းမှုဖြစ်"

ရမည်းသင်းမြို့ရဲ့ အနောက်ဘက် ၈ မိုင်လောက်
ကွာဝေးတဲ့ ရွာတန်းကျေးရွာမှာ မနေ့ည (မတ်
လ ၂၃ ရက်)၈ နာရီ ကျော်အချိန်က မီးလောင်
ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရမည်းသင်ြး
မို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒီမီးလောင်ကျွမ်းမှုကြောင့် ရွာတန်းကျေးရွာမှာ
ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုကျော
င်းဆောင်တစ်လုံး အပါအဝင် ဒေသခံပြည်သူေ
တွရဲ့ အိမ်ခြေ ၃၀ ခန့် မီးလောင်ပျက်ဆီးခဲ့ပါတ
ယ်။
ဒီကနေ့ည ၁၂ နာရီက ရမည်းသင်းမြို့မီးသတ်
တပ်ဖွဲ့ရုံးကို RFA ကဆက်သွယ်မေးမြန်းရာမှာ
မီးသတ်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေဟာ မီးလောင်
တဲ့ရွာကို အမြန်သွားရောက်နေကြတယ်လို့ ပြ
န်လည် ဖြေကြားပါတယ်။
မိတ္ထီလာမြို့ လုံခြုံရေးအတွက် ရမည်းသင်းမြို
့နယ်ရဲတပ်ဖွဲ့ကနေ သွားရောက်ကူညီနေရတဲ့ ရ
မည်းသင်းမြို့နယ်ရဲတပ်ဖွဲ့က ဒုရဲမှုးသောင်းကြ
ည် ခေါင်းဆောင်တဲ့တပ်ဖွဲ့ဟာလည်း ရမည်းသ
င်းမြို့ကို ညတွင်းချင်း အမြန်ပြန်လာနေရတယ်
လို့ သိရပါတယ်။
ယမန်နေ့ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့
ရွာတန်းရွာဟာ သုံးရက်ကြာ အဓိကရုဏ်းတွေြ
ဖစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နဲ့ ၃၄ မိုင်ကျော်ကွာဝေး
ပါတယ်။
RFA News

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post