ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်အားလုံးကို ညကိုးနာရီအထိသာဖွင့်ရန် အမိန့်ထုတ်

2013-03-25

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးအတွက် စားသောက်ဆိုင်၊ မီနီမားကတ် စတဲ့ ဈေးဆိုင်တွေကို ဒီကနေ့ညကစပြီး ည ၉ နာရီ နောက်ဆုံးထားဖွင့်လှစ်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ဒီအမိန့်ထုတ်ပြန်ရတာနဲ့ ပက်သက်ပြီး ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှုးက RFA ကိုအခုလိုပြောပါတယ်။

" စားသောက်ဆိုင်တွေကို ညကိုးနာရီထိပဲဖွင့်ဖို့ အမိန့်ထုတ်တာပါခင်ဗျာ၊ ကိုးနာရီကျော်တဲ့အခါကျရင် သောက်စားမူးယစ်ပြီးတော့ တခြားပြဿနာတွေဖြစ်မှာစိုးလို့ ညကိုးနာရီထိသာဖွင့်ပါလို့ ကျွန်တော်တို့ အကြောင်းကြားထားတာပါခင်ဗျ"

မနေ့ညကလည်း ရန်ကုန်တိုင်းအတွင်းက မှုစလင်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ လူစုလူဝေးနဲ့ ဆူပူဖို့ ကြိုးစားခဲ့တာတွေ ရှိပါတယ်။

By RFA Burmese
------------------------------------------------------------------------
ပုဇွန်တောင်နှင့် တာမွေမြို့နယ်တို့အတွင်းရှ ဆိုင်များ
ည ၉ နာရီမတိုင်မီသိမ်းရန် သက်ဆိုင်ရာမှ ညွှန်ကြားချက်ထုတ်

ပုဇွန်တောင်နှင့် တာမွေမြို့နယ်တို့အတွင်းရှိ ဆိုင်များ ည ၉ နာရီမတိုင်မီသိမ်းရန် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးရုံးများမှ ညွှန်ကြားချက်ထုတ်ပြခဲ့သည်ဟု သတင်းရရှိသည်။

ပုဇွန်တောင်မြို့နယ်တွင် အသံချဲ့စက်များဖြင့် ည ၉ နာရီမတိုင်မီဆိုင်များပိတ်သိမ်းရန် အသိပေးနှိုးဆော်ခဲ့ပြီး တာမွေမြို့နယ်အတွင်းတွင်လည်း ယနေ့ညပိုင်းတွင် ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများမှ သိရသည်။

EMG

SHARE THIS
Previous Post
Next Post