မတ်လ ၂၉ ရက်၊ ၂၀၁၃
ရန်ကုန် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊
အိန္ဒိယနယ်စပ်ရှိ ပန်ဆောင်တွင် နှစ်နိုင်ငံ နယ်စပ်ဈေး ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“သူနဲ့ ကပ်လျက် အိန္ဒိယ ဘက်မှာက ပန်းရှားရွာရှိနေပါတယ်။ အဲဒီအတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့တယ်။ နောက်ထပ် တိုင်းဒေသကြီး အဆင့်ရယ်
၊ ဒေသခံတွေရယ် ဆွေးနွေးပြီးရင် မကြာခင် ဖွင့်နိုင်မှာပါ” ဟု ဝန်ကြီးဌာန၏ ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတေဇအောင်ဝင်း က ပြောသည်။
ပန်ဆောင်မှာ ကချင်ပြည်နယ်အနီး စစ်ကိုင်းတိုင်းမြောက်စွန်းရှိနန်းယွန်းမြို့နယ်နှင့် အနီးတွင်ရှိပြီး နာဂ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသတွင် ပါဝင်တည်ရှိသည်။
အိန္ဒိယနိုင်ငံ၊ နာဂလဲန်း ပြည်နယ်နှင့်
ထိစပ်နေသည်။“မြန်မာ-အိန္ဒိယ
နယ်စပ်မှာရှိတဲ့ ဒေသခံတွေက
ဆင်းရဲကြပါတယ်။တောင်ပေါ်ဒေသ
တွေလည်း ဖြစ်တော့ လမ်းပန်း
ဆက်သွယ်ရေးလည်း အတော်ခက်ခဲတယ်။
ဒေသခံတွေ စားဝတ်နေရေးအတွက် အထောက်အကူပြုနိုင်အောင် နယ်စပ် ဈေးအဖြစ် အရင် ဖွင့်လှစ်လုပ်ကိုင်မယ်။ အဲဒီအခြေအနေကနေ တိုးတက်မှု ရှိလာရင် နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် တိုးမြှင့်ဖွင့်သွားဖို့ပါ အစီအစဉ်ရှိပါတယ်” ဟု ညွှန်မှူးက ဆက်လက်ပြောကြား သည်။
လက်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်တွင် တမူးနှင့်ရိခေါရ်ဒါ နယ်စပ် ကုန်သွယ်ရေး စခန်းတို့ကို ဖွင့်လှစ် ထားရှိသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁၅.၄၀၉သန်း ရှိခဲ့သည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် (ဇန်နဝါရီ လကုန်အထိ) ထိုနယ်စပ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၂.၁၃၇ သန်း ရှိကြောင်း သိရသည်။
mizzima