23.03.2013
အဓိကရုန်းနဲ့ အကြမ်းဖက်တာတွေ ဖြစ်ခဲ့တဲ့ မိ
တ္ထီလာမှာ ဒီကနေ့ အခြေအနေတွေ ပြန်ပြီးေ
တာ့ တည်ငြိမ်လာနေပြီလို့ ဒေသခံတွေ က ပြေ
ာပါတယ်။ နှစ်ရက်ကြာဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခ
တ် မတည်မငြိမ် အခြေအနေတွေကြောင့် လူေ
ပါင်း ၂၀,၀၀၀ လောက် အိုးအိမ်ပစ်ပြီး ဒုက္ခသ
ည် ဖြစ်ခဲ့ရတယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့လ
ွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
မတ်လ ၂၃ ရက်နေ့ကစပြီး အရေးပေါ်အခြေ
အနေ ထုတ်ပြန်ကြေညာထားတဲ့ မိတ္တီလာမြို့က
နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း
သတင်းထောက် ကိုအောင်ရဲမောင်မောင်က
သတင်းပေးပို့ထားပါတယ်။
အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့ေ
နာက်ပိုင်း လမ်းပေါ်မှာ အကြမ်းဖက်ဆူပူမှုတေ
ွကို မတွေ့ရတော့ဘူးလို့ ဒေသခံပြည်သူတွေ က
ပြောလာတာပါ။ အကြမ်းဖက် ပဋိပက္ခတွေ ဖြ
စ်ပွားခဲ့တာကြောင့် မိတ္တီလာမြို့မှာနေထိုင်ကြ
တဲ့ လူပေါင်း ၂၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့တွေ
ဖြစ်ခဲ့ရပြီး ဒုက္ခသည်တွေအဖြစ် နေထိုင်နေရ
တယ်လို့ မိတ္ထီလာမြို့က ပြည်သူ့လွှတ်တော်ကို
ယ်စားလှယ် ဦးဝင်းထိန် က ပြောပါတယ်။
“ဗုဒ္ဓဘာသာဒုက္ခသည်တွေက ဘုန်းကြီးကျော
င်းတွေမှာနေတာ အားလုံး ၇,၀၀၀ ကျော်လော
က် ရှိတယ်။ နောက်ပြီးတော့ မူစလင် ဒုက္ခသည်
တွေက ဘောလုံးကွင်းမှာ ၉,၀၀၀ လောက် ရှိတ
ယ်။ အမှတ် (၂) ရဲစခန်းမှာ ၅,၀၀၀ လောက် ရှိ
တယ်။ အဲဒီကျောင်းတွေကို ဘုန်းကြီးကျောင်း
လည်း ဘုန်းကြီးကျောင်း အလျောက်၊ မူစလင်စ
ခန်းတွေလည်း မူစလင်စခန်းတွေ အလျောက်
ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးတာ၊ အလား
တူပဲ အခြားအဖွဲ့တွေလာပြီးတော့ ကယ်ဆယ်ေ
ရး ပစ္စည်းတွေ ပေးနေတာ ကျနော်တွေ့ပါတ
ယ်။”
မိတ္ထီလာမြို့မှာ သွေးထွက်သံယို တိုက်ခိုက်မှုေ
တွ စတင်ဖြစ်ပွားချိန်ကစလို့ ပုဒ်မ ၁၄၄ ညမထ
ွက်ရ အမိန့် ထုတ်ပြန်ထားခဲ့တာ ၃ ရက် ကြာလ
ာတဲ့ အချိန်အထိ အခြေအနေတွေ တည်ငြိမ်မှု
မရှိသေးတဲ့အတွက် အရေးပေါ် အခြေအနေအြ
ဖစ် နိုင်ငံတော်သမ္မတက မနေ့က လက်မှတ်ရေ
းထိုး ကြေညာ လိုက်တာ ဖြစ်ပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ အမိန့်ကိုတော့ နောက်
ဆက်တွဲ အမိန့်တစုံတရာ မထုတ်ပြန်မခြင်း ကျ
င့်သုံးသွားမှာဖြစ်သလို စစ်တပ်အကူအညီနဲ့ပါ
လုံခြုံရေးကို တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်
တယ်လို့ သမ္မတရဲ့ ကြေညာချက်မှာ ဖော်ပြထား
တာပါ။
အခုလို အရေးပေါ် အခြေအနေနဲ့ စစ်တပ်ရဲ့ အ
ကူအညီရယူပြီးတဲ့နောက်မှာ လမ်းပေါ်မှာ ရဲနဲ့
စစ်သားတွေက လုံခြုံရေးအပြည့်အ၀ ရယူထား
တယ်လို့ မိတ္ထီလာမြို့ခံ ကိုဖုန်းက ပြောပါတယ်။
စစ်တပ်နဲ့ ရဲတွေ လုံခြုံရေး ရယူထားတာကြော
င့် အချို့ဈေးဆိုင်တွေ
ပြန်ဖွင့် လာနိုင်ပြီးတော့ ဒေသတွင်းလည်း အေ
တ်ာလေး တည်ငြိမ်လာပြီလို့လည်း ဦးဝင်းထိန်
ကပြောပါတယ်။
“မနေ့ကထက်စာလို့ရှိရင် လုံခြုံရေးအခြေအေ
န တော်တော်ကောင်းသွားပြီ။ ကားတွေ အသ
ွားအလာရော၊ လူတွေအသွားအလာရော ပုံမှန်ြ
ဖစ်သွားပြီးတော့ ဈေးဆိုင်တွေလည်း နည်းနည်
းပြန်ဖွင့်လာတယ်။ မနေ့ကထက် စာရင်တော့
နည်းနည်းပိုကောင်းတာပေါ့။ သို့သော်လည်းပဲ
အခုဟာက မူစလင်ဒုက္ခသည်တွေကို အာဏာပို
င်တွေက သင့်လျော်တဲ့နေရာကို ပြောင်းကြရေ
ွှ့ကြတဲ့နေရာမှာတော့ တချို့ ရပ်ကွက်တွေက လ
က်မခံဘူးဆိုပြီး တင်းခံနေတဲ့ အပိုင်းတွေတော့
ရှိတယ်။ ဒါပေမဲ့ ပဋိပက္ခသဘောမျိုးတော့ မဖြ
စ်ပါဘူး။”
မိတ္ထီလာမြို့က အကြမ်းဖက်လုပ်ရပ်တွေကြော
င့် အိုးအိမ် စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေဟာ အ
ကူအညီ အတော်အတန် လိုအပ်နေတယ်လို့လ
ည်း မန္တလေးမြို့က လာရောက်ပြီး ဒုက္ခသည်ေ
တွကို ကူညီနေတဲ့ ကျောင်းသား ရဲဘော်ဟောင်
းများအဖွဲ့က ကိုဝင်းမြင့်ထွန်းက ဗွီအိုအေကိုြေ
ပာပါတယ်။
အရေးပေါ်အခြေအနေ ထုတ်ထားပေမယ့် မိတ္တီ
လာမြို့ကို လာရောက်ကူညီတဲ့ အခြားအရပ်ဒေ
သက လူတွေအနေနဲ့ ဒုက္ခသည်တွေကို လွတ်လ
ွတ်လပ်လပ် ကူညီပေးနိုင်တယ်လို့ ကိုဝင်းမြင့်
ထွန်းက ပြောပါတယ်။
“ရပါတယ် ခင်ဗျ။ အခုကတော့ ကျနော်တို့က မ
န္တလေးကနေ သံဃာအပါး ၅၂ ပါးလည်း ပါတာ
ကိုးဗျ။ ကျနော်တို့ချည်းပဲ မဟုတ်ဘူး။ သံဃာအ
ပါး ၅၂ ပါး ဂဠုန်နီဆရာတော် အပါအ၀င်ပေါ့။
ဒီဆရာတော်တွေရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ သ
ွားလာနေတာပါပဲ။ ကျနော်တို့ အခုဟာကတော့
ကျနော်တို့ သွားချင်တဲ့နေရာကို သွားလို့ရပါတ
ယ်။ ယူချင်တဲ့နေရာ ယူလို့ရပါတယ်။”
မတ်လ ၂၃ ရက်နေ့ထုတ် အစိုးရသတင်းစာမှာ
ဖော်ပြချက်အရ လူ ၁၁ ဦး သေဆုံးတယ်လို့ ဆို
ထားပေမဲ့ အကြမ်းဖက်မှုတွေကြောင့် အမှန်တ
ကယ် လူ ၂၀ လောက်ထိ ဒီကာလတွင်း သေဆုံ
းသွားတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ဒဏ်ရ
ာရတဲ့ လူပေါင်း ၃၉ ဦးနဲ့ ဘာသာရေး အဆော
က်အအုံ ၁၃ လုံး၊ နေအိမ် ၁၂၅ လုံးလောက် ပျ
က်စီးခဲ့တယ်လို့လည်း ဆိုထားပါတယ်။
VOA