ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အရှိန်လွန်၍ ယာဉ်တိမ်းမှောက် ၂၄ဦးဒဏ်ရာရ

မန္တလေး- မတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း
မိုင်တိုင်အမှတ်(၃၄၇/၂-၃)ကြားတွင်မတ်၂၅ည၇နာရီ၁၀မိနစ်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာခရီးသည်၂၄ဦးဒဏ်ရာရခဲ့ကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲ့မှသိရသည်။
နေပြည်တော်မှမန္တလေးသို့ ကို....(၄၅)နှစ်မောင်းနှင်လာသည့် ၈ဃ/xxxx ဒိုင်နာယာဉ်မှာ
ယာဘက်နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ မြေသားလမ်းပေါ်သို့ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ၂၇ ဦးအနက်၂၄ဦးတို့တွင်ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် စစ်ကိုင်းဆေးရုံသို့
တင်ပို့ကုသခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကို--အား စကားအင်းအမြန်လမ်းရဲစခန်း က
ယာဉ်(ပ)၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။t

Popular Myanmar News Journal

Re-Post By ACM 26-3-2013
အေးချမ်းမွန် Credit & Copy From >>Popular Myanmar News Journal<< Thank

SHARE THIS
Previous Post
Next Post