ထားဝယ်ဒေသ နောက်ဆုံးအခြေအနေ

မတ်လ ၂၈ ရက်၊ ၂၀၁၃

ထားဝယ်ရေ နက်ဆိပ်ကမ်း စီမံကိန်း ဧရိယာ ထဲ ရောက်နေ လို့ ပြောင်းပေး ရမယ့် ရွာတွေ မှာ နေ ရာချထားရေးဆိုင်ရာ စာရင်းကောက်ယူ မှုတွေ ဒီ ရက် ပိုင်းအတွင်း အပြီးသတ်ဆောင်ရွက်မယ်လို့ ကြား သိရပါတယ်။ ပထမ ဆုံးရွှေ့ ရဖို့ မူတူးရွာ က ဈေးဦးပေါက်ပါတယ်တဲ့။ “မြေကြီးတူးပီး အနောက် နဘူးလယ်ကနေ အရှေ့ကို ဖောက် လာတာ။မြေအကျယ် မီတာ ၅၀၀ လောက်အနက် မီတာ ၅၀ လောက်အထိ ဖောက်လာတာမှာ မူတူးရွာက အရင်ဦးဆုံး ရွှေ့ရမယ့်နေရာ ဖြစ်နေ တယ်” လို့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA) က ကိုလေးလွင်က ဆိုပါတယ်။ စီမံကိန်းတွေ လုပ်ဆောင်တော့မယ့် ဒီနေရာ ကနေ ပြောင်းရွှေ့ရေးကို လက်မ ခံကြတဲ့ ဒေသခံတွေ ရှိပါတယ်။

မူတူးရွာမှ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးအောင်မြင့်က “သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာမို့ ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော် တို့ရွာကို အတင်းခြိမ်း .ခြောက် ပီး ပြောင်းခိုင်းတာ ကျနော်တို့ အခွင့်အရေး ချိုးဖောက်ပြီး သူတို့ လုပ်နေတာကို လုံးဝ လက်မခံနိုင်ဘူး” လို့ ဧရာဝတီကို ရှင်းပြပါတယ်။

လျော်ကြေးပေးမယ် ဆိုရင်လည်း “သူတို့ပေးတဲ့ဟာက ကျနော်တို့ဟာ ၁၀၀ တန်ရင် သူတို့က ၅၀ ပဲ ပေးမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” လို့ ဦးအောင်မြင့်က ဆက်ပြောပါတယ်။

အိမ် ၆၀၀ လောက် ရှိတဲ့ မူတူးရွာကို ပြောင်းရွှေ့ဖို့ အိမ်အလုံး ၃၀၀ ကျော် .ဆောက် လုပ်ပြီးပြီလို့ ကြားသိ ရတယ်၊ ဒါပေမယ့် ဘယ်လိုကူညီဆောင် ရွက်ပေး မှုတွေရှိမယ်၊ သီးနှံစိုက်ခင်းစိုက် ဖို့ မြေနေရာ ပြန်ရ မရ ဆိုတာတွေ ဘာမှ သေချာမှု မရှိသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

ထားဝယ်ကနေ ထိုင်းနိုင်ငံအထိ လမ်းဖောက်လုပ်စဉ်က ပုဂေါဇွန်းရွာဘက်ရှိ ဥယျာဉ်ခြံတချို့ ပဲ့ပါသွားတယ်၊ ၁၇ နှစ်သက်တမ်းရှိ ဆီအုန်းပင်တပင် အတွက်ပေါက်ဈေးငွေ ကျပ်တသိန်းခွဲ သတ်မှတ်တောင်းဆိုပေမယ့် အာဏာ ပိုင်များက ၎င်းတို့သတ်မှတ်ဈေးအတိုင်း သာ ပေးဆောင်မယ်လို့ ဆိုတာကြောင့် လျော်ကြေးအ တွက် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။

ထားဝယ်စီးပွားရေးဇုန်မှာ ပါဝင်တဲ့ အဓိက စီမံကိန်းတွေကို ၂၀၁၅ မှာ အပြီး သတ်မှာပါ။ဒီနှစ်ထဲမှာတော့ အလုပ်အကိုင်အခွင့်အလမ်းအများအပြား ဖန်တီးပေးမယ့် စက်ရုံတွေစတင်တည်ဆောက်မယ်လို့ သိရပါ တယ်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ မျက်စိကျနေတဲ့နေရာများထဲမှာ ဒီစီးပွားရေး ဇုန်နေရာလည်း ထိပ်ပိုင်းက ပါဝင်ပါတယ်။ မကြာသေးခင် ရက်ပိုင်းကပဲ ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ လုပ်ငန်းရှင်ကြီးလည်းဖြစ်တဲ့ မစ္စတာ သက်ဆင်နဲ့ စီးပွားရေးသမား အများအပြား ဒီဒေသကို လာရောက်လေ့ လာကြပါတယ်။

အရေးကြီးတဲ့ ဒီစီမံကိန်း အောင်မြင်ဖို့ ထိုင်းနဲ့မြန်မာအစိုးရတို့ကလည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။
ဧရာဝတီ

SHARE THIS
Previous Post
Next Post