ပြီးခဲ့တဲ့ မတ်လ ၂ဝ ရက်နေ့က မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကြောင်းရင်းခံဟာ ဈေးအရောင်းအဝယ်ကိစ္စကို လူမူရေးကိစ္စ ဘာသာရေးကိစ္စတွေနဲ့ ကြည့်တဲ့အတွက် နိုင်ငံတော်ရဲ့ အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိသရက ဒီကနေ့ RFA ကိုမိန့်ကြားပါတယ်။
ဘာသာဝင်တိုင်းဟာ မိမိတို့ကိုးကွယ်ရာ ဘုရားရှင်တို့ရဲ့ အဆုံးအမကို အတိအကျလိုက်နာဖို့လိုပြီး ကရုဏာ၊ ပညာအပြည့်အဝနဲ့ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ အရှင်ဥာဏိသရက မိန့်ကြားပါတယ်။
မိတ္ထီလာမြို့ကိုကြွလာရန် ပြင်ဆင်နေသည့် ဗုဒ္ဓဘာသာ ရဟန်းတော်များအနေနှင့်လည်း ဆူပူမှုကို ဝိုင်းဝန်းထိန်းသိမ်းသူ ဘုရားသားတော်များဖြစ်အောင် ဆူပူမူထဲမှာ ပါဝင်ပက်သက်သူများမဖြစ်အောင် စောင့်စည်းရန်လိုကြောင်း ပဋိပက္ခကို ဖြေရှင်းရမည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင
သတင်းစုဗူး
SHARE THIS