ပုလဲသွယ် မျိုးစပါး တစ်ဧက စံကွက် စုပေါင်း ရိတ်သိမ်းပွဲနှင့်
တောင်သူများအား အထွက်တိုး နည်းပညာ ဆွေးနွေး ဟောပြောပွဲကို ယနေ့ နံနက် ၉
နာရီက မော်လမြိုင်ကျွန်း မြို့နယ် စီးပွားချောင် ကျေးရွာ အုပ်စု ငှက်ဥကွင်း
ကျေးရွာ စံပြ တောင်သူ ဦးတင်အောင်သန်း၏ လယ်မြေ၌ ကျင်းပသည်။
အဆိုပါ စံကွက် ရိတ်သိမ်းပွဲသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးမောင်၊ မြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနောင်နှင့် တာဝန် ရှိသူများ တက်ရောက် ကြည့်ရှု အားပေးကြပြီး မရဲ့ အုန်းပင်စုနှင့် စီးပွားချောင် ကျေးရွာအုပ်စု တို့မှ စံကွက် ရိတ်သိမ်းရေး အဖွဲ့ဝင်များက စုပေါင်းရိတ် သိမ်းကြသည်။ စံကွက် ရိတ်သိမ်းခဲ့သော အထူး အထွက်တိုး ပုလဲသွယ် မျိုးစပါး တစ်ဧက စံကွက်အား အထွက်နှုန်း ရယူရာ တစ်ဧကလျှင် စပါးတင်း ၁၈ဝ နှုန်း ထွက်ရှိသည်။
ထို့နောက် စံကွက် ရိတ်သိမ်းပွဲ တက်ရောက်လာသော ကျေးရွာ ငါးရွာမှ လေ့ လာရေး တောင်သူ လယ်သမား ၅ဝ ဦး တို့အား အထွက်တိုး နည်းပညာ များကို မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်ဌေးနှင့် စံပြ တောင်သူ ဦးတင်အောင်သန်း (မရဲ့အုန်းပင်စု ကျေးရွာ) တို့က လေ့လာရေး တောင်သူများနှင့် အပြန်အလှန် အထွက်တိုး နည်းပညာ များကို ဆွေးနွေး ဟောပြော ကြကြောင်း သိရသည်။
မြ၀တီ
