မြန်မာ့ တပ်မတော် (ရေ) မှ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး
ဗိုလ်မှူးကြီး မိုးအောင် ဦးဆောင်သော စစ်ရေယာဉ် အောင်ဇေယျနှင့် စစ်ရေယာဉ်
ဘုရင့်နောင် တို့သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရေတပ်ဌာနချုပ် (Eastern
Naval Command) တည်ရှိရာ အိန္ဒိယ အရှေ့ပိုင်း၊ Andhra Pradesh ပြည်နယ်၊
VISHA-KHAPATNAM ဆိပ်ကမ်းသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်ရန်အတွက်
ရန်ကုန်မြို့ ရှိ အမှတ်(၃) ရေတပ် ဆိပ်ခံတံတား မှ ယနေ့ နံနက် ၉ နာရီ ၄ဝ
မိနစ်တွင် စတင်ထွက်ခွာ သွားရာ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ်
တင်အောင်စန်း ဦးဆောင်သော တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစု များက
ပို့ဆောင် နှုတ်ဆက်ကြသည်။ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု (၆၅)
နှစ်တာ ကာလအတွင်း မြန်မာ့တပ်မတော် (ရေ)မှ စစ်ရေယာဉ်များ ပထမဆုံးအကြိမ်
ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခြင်း ဖြစ်ပြီး မြန်မာ့ တပ်မတော် (ရေ)မှ
စစ်ရေယာဉ် အောင်ဇေ ယျ နှင့် စစ်ရေယာဉ် ဘုရင့်နောင်တို့သည် အိန္ဒိယနိုင်ငံ၊
VISHA-KHAPATNAM ဆိပ်ကမ်းတွင် မတ် ၁ဝ ရက်မှ ၁၅ ရက်အထိ ဆိုက်ကပ် လည်ပတ်မည်
ဖြစ်ကြောင်းနှင့် စစ်ရေယာဉ် နှစ်စီးသည် အပြန်ခရီးစဉ်တွင် အိန္ဒိယ ရေတပ်
စစ်ရေယာဉ်များနှင့် အတူ နှစ်နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် တစ်လျှောက်
သက်ဆိုင်ရာ ရေပြင်များတွင် နှစ်နိုင်ငံ ပူးပေါင်း ကင်းလှည့်ခြင်းများ
ဆောင်ရွက်ရန် စီစဉ် ထားကြောင်း သတင်းရရှိသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
